- ၃၁ ဘုံ ကူးသွားကျင်လည်ရတဲ့ အခါမှာ ဥာဏ်မျက်စီ အလင်းရဖို့ အတွက် ၀ိပနာကို ပွားများ အားထုတ်သင့်တယ်။
- ဝေနေယျ သတ္တ၀ါတွေအပေါ်မှာ ထားတော်မူတဲ့ မြတ်စွာဘုရားရဲ့မေတ္တာတော် ကရုဏာတော်တွေကို လေးစားသောအားဖြင့် လည်းကောင်း ကျေးဇူးတော်ကို ပေးဆပ်သော အားဖြင့် လည်းကောင်း ၀ိပဿနာတရား ကို ပွားများ အားထုတ်သင့်ပါတယ်။
- ပုထုဇဉ်တိုင်း ကြုံတွေ့ ရမယ့် ဘေးကြီး လေးမျိုးမှ လွတ်မြောက်ဖို့ အတွက်လည်း ၀ိပဿနာတရား ကို ပွားများ အား ထုတ် သင့်ပါတယ်။
Monday, October 31, 2011
ဝိပဿနာ ကို ဘာကြောင့် ပွားများ အားထုတ်ရသလဲ။
အရှင်ဆန္ဒာဓိက တရားတော်မှ
ဥပနီယတိ လောကော အဒ္ဓုဝေါ
အိုနာသေသို့ မောင်းနှင်ပို့ လူတို့ မမြဲပါတကား...
သတ္တ၀ါတွေဟာ မတည်မြဲကြဘူး မခိုင်မြဲကြဘူး သတ္တ၀ါတွေဟာ အို နာ သေ ဆိုတဲ့
စာကျက်တွေကို အမြဲတမ်း မောင်းနှင် ပို့ဆောင်ခြင်း ခံနေရပါတယ်။
အတာဏော လောကော အနဘိသရော
စောင့်ရှောက်သူမဲ့ ကိုးရာမဲ့ အားနွဲ့လှချေပါတကား။
သတ္တ၀ါတွေဟာ စောင့်ရှောက်မယ့်သူ မရှိဘူး အားကိုးရာ မရှိဘူး
အဿကော လောကော သဗ္ဗံ ပဟာယ ဂမနီယံ
ကိုယ်ပိုင် ဥစ္စာ မရှိပါ စွန့်ကာ သွားရမည် ပါတကား။
သတ္တ၀ါတွေဟာ ကိုယ်ပိုင် ဥစ္စာမရှိကြဘူး မိမိမှာ ရှိသမျှ ပစ္စည်းဥစ္စာတွေကို အကုန်လုံး
စွန့်ပြီးတော့ သွားကြရတယ်။
ဦနော လောကော အတိတ္တော တဏှာဒါသော
လိုမပြည့်ဝ အားမရ တဏှာကျွန်ချည်း ပါတကား။
သတ္တ၀ါတွေဟာ အမြဲတမ်း ယုတ်လျော့နေကြတယ် မပြည့်ကြဘူး တင်းတိမ်အားရ
ကျေနပ်ခြင်း မရှိကြဘူး တဏှာရဲ့ ကျွန်တွေချည်းဘဲ ဖြစ်နေကြတယ်။

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ် ပါစေ
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်အောင် သတိဆောင်လော့
နှစ်ထောင် ဆယ့်နှစ် ဤသည်ခေတ်ဝယ်
ဗုဒ္ဓမြတ်စွာ သာသနာ
ရောင်ဝါနေထွန်း ခြောက်ရာစွန်းပြီး
ပြည့်ဝထင်ပေါ် နှစ်ထောင်ကျော် ဟု
ခေါ်သမုတ်သည်
ဂေါတမ သာသနာ နှစ်ထောင့်ခြောက်ရာ။ ။
နှစ်ထောင် ဆယ့်နှစ် ဤသည်ခေတ်ဝယ်
ဗုဒ္ဓမြတ်စွာ သာသနာ
ရောင်ဝါနေထွန်း ခြောက်ရာစွန်းပြီး
ပြည့်ဝထင်ပေါ် နှစ်ထောင်ကျော် ဟု
ခေါ်သမုတ်သည်
ဂေါတမ သာသနာ နှစ်ထောင့်ခြောက်ရာ။ ။
Subscribe to:
Posts (Atom)