ဥပနီယတိ လောကော အဒ္ဓုဝေါ
အိုနာသေသို့ မောင်းနှင်ပို့ လူတို့ မမြဲပါတကား...
သတ္တ၀ါတွေဟာ မတည်မြဲကြဘူး မခိုင်မြဲကြဘူး သတ္တ၀ါတွေဟာ အို နာ သေ ဆိုတဲ့
စာကျက်တွေကို အမြဲတမ်း မောင်းနှင် ပို့ဆောင်ခြင်း ခံနေရပါတယ်။
အတာဏော လောကော အနဘိသရော
စောင့်ရှောက်သူမဲ့ ကိုးရာမဲ့ အားနွဲ့လှချေပါတကား။
သတ္တ၀ါတွေဟာ စောင့်ရှောက်မယ့်သူ မရှိဘူး အားကိုးရာ မရှိဘူး
အဿကော လောကော သဗ္ဗံ ပဟာယ ဂမနီယံ
ကိုယ်ပိုင် ဥစ္စာ မရှိပါ စွန့်ကာ သွားရမည် ပါတကား။
သတ္တ၀ါတွေဟာ ကိုယ်ပိုင် ဥစ္စာမရှိကြဘူး မိမိမှာ ရှိသမျှ ပစ္စည်းဥစ္စာတွေကို အကုန်လုံး
စွန့်ပြီးတော့ သွားကြရတယ်။
ဦနော လောကော အတိတ္တော တဏှာဒါသော
လိုမပြည့်ဝ အားမရ တဏှာကျွန်ချည်း ပါတကား။
သတ္တ၀ါတွေဟာ အမြဲတမ်း ယုတ်လျော့နေကြတယ် မပြည့်ကြဘူး တင်းတိမ်အားရ
ကျေနပ်ခြင်း မရှိကြဘူး တဏှာရဲ့ ကျွန်တွေချည်းဘဲ ဖြစ်နေကြတယ်။
No comments:
Post a Comment