ပထမ တစ်ပုဒ်ရေး လိုက်ပါတယ်။ ပုဂ္ဂလိက ဆန် သွား တာမို့ ပြန် လည် ဖျက် ပစ် လိုက်တယ်။ ဥပမာ သီလ ယူတယ်ဆိုရင် သီလ စောင့်တော့မယ်ဆိုရင် ငါးပါးလား ရှစ်ပါးလား ကိုးပါးလား ရည်ရွယ်ရမှာပေါ့ဗျာ။ ညစာမစားပဲမနေနိုင် အိမ်ထောင်သည်မို့ ဆိုရင် ငါးပါးသီလ ပဲ လုံဖို့ကောင်း ပါတယ်။
တရားတစ်ပုဒ် နာကြားပြီ ဆိုကတည်းက ဟောမည့်ပုဂ္ဂိုလ် ဟောသည့်တရား ရွေးချယ်ရပါတယ်။ ၀ိပဿနာ တရား မကြိုက် တဲ့ သူဟာ တရား လည်း အားမထုတ် လိုပါ ဘူး အားမထုတ် လို တဲ့အတွက် ၀ိပဿနာ တရား မနာပါဘူး နာတဲ့အခါမှာ လည်း ၀ိပဿနာမှာ ပါတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ် ကို အို တယ်.... ဆိုတာနဲ့ မင်္ဂလာမရှိလိုက်တာ နာတယ်.... ကြက်သရေ မ၇ှိလိုက်တာ....သေတယ် ဆို တာနဲ့ ဖတ် မပြောကောင်း မဆိုကောင်း လွဲဟ ဖယ်ဟ ဆိုတာမျိုးပြောတော့မှာ။
တရားဟောပုဂ္ဂိုလ်က ဟောလိုက်တဲ့ တရားမှာ မိမိ မသိတာ မတတ်တာ မလိမ္မာ တာ ဆုံးမ ဖို့ အပြင် သံသရာဝဋ်ဒုက္ခ က ကျွတ်ရာ လွတ်ရာ နဲ့ ၀ိပဿနာ တရား ကျင့်ပုံကျင့်နည်းတွေ ပါမှာပါ။ သိပြီးရင် တော့ ကျင့်ဖို့ လိုပါတယ်။ တိတ်ခွေစီဒီ ဖွင့် ဆုံးသွားတော့ ခလုတ်ပိတ် ဘာမျှမကျန် တော့ ဘူးဆိုရင် အဆင်ပြေမှာ မဟုတ်ပါ ဘူး။
ဘာယူသွားမလဲဗျာ။ ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုး အသက် 50 ကျော် ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း ကုန်သွားပါပြီ အချို့ တတိယ အရွယ် ရောက်နေ ပြီ တစ်ချို့ ဆို တတိယ အရွယ်တို့ နေညိုချိန် တို့ ကို လက်သင့်မခံသေး တာတွေ လည်း တွေ့နေရပါတယ်။ ဘယ်သူ့အတွက်လဲ
ငါဘာလုပ်နေသလဲ ဘယ်သူ့အတွက်လဲ ဘယ်အတွက်လဲ ဆိုတာကို အရင် ဆုံးဖြတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ဘယ်သူမှ ငါ့ဘို့ ( ငို့ဘ ) သမားတော့ မဟုတ်ဘူး မလုပ်တတ် မကိုင်တတ် လွဲ မှားနေသူရယ်။ တွေဝေ ပြီး အဆုံး အဖြတ်ရ ခက် နေသူရယ်။ လည်းရှိပါတယ်။
အချို့ အဆုံးအဖြတ် မပိုင်နိုင်သူတွေ ရှိတယ် သူတို့က မပြောပါဘူး ဘေးကကြည့်မှ သိသာ တာပါ။ တစ်ချို့ အသက်အရွယ်က တတိယ အရွယ် လွန် လာပြီ စတုတ္ထအရွယ် ထဲမှာ ရောက်နေပြီ အလုပ်လုပ်ချင်နေတုံးပဲ စီးပွားရှာချင်နေတုံးပဲ မာန တရား ထားချင်နေတုံးပဲ သားတွေ သမီးတွေ ကို နေရာမပေး အလှည့်မပေး နိုင်ကြသေး ဘူး။
မှန်ပါတယ် ဆင်းရဲ လွန်းတယ် တနေ့လုပ် တစ်နေ့စားတွေ ရှိတာပေါ့ အခုပြောတာက သည်လို မဟုတ်ပဲ နဲ့ အသက်ရျည်ရှည် ( ၁၀၀ မှာ ၁ယောက် ရှားပါတယ် ) ( ကျန်းကျန်းမာမာ ၁၀၀ မှာ ၁၀ယောက်လောက် ရောဂါကင်းတာပါ ) အဲသလိုမျိုးသူတွေဟာ
မိမိ တို့ လုပ်သင့် လုပ်ထိုက်တဲ့ ၀ိပဿနာ ဘာဝနာ တရား ထက်တော့ ဘယ်ဟာက ပို ငြိမ်းအေး မှာ လဲ? စီးပွား လုပ်နေရင် ဘယ်လို လုပ် ငြိမ်းအေးမှာ လဲ ? ( အဲ တာ က အလေ့ အကျင့် မရှိတော့ ၀ိပဿနာ ဘာဝနာ တရား ရဲ့ ငြိမ်းအေးမှု ကို မသိလို့ လည်းဖြစ်နိုင်တယ်။
သင်ကြရသူတွေ။ ။ ကျွန်တော့် ညီ ကျွန်တော့် ခယ်မ တွေက ဆရာဝန်တွေပေါ့။ သူတို့အနေနဲ့ သူတို့နေ့စဉ်ဘ၀ မှာ လူမမာတွေ မျိုးစုံအောင်တွေ့ရတယ် မွေးကင်းစကနေ သက်ကြီးရွယ်အိုတွေ နေ့စဉ် အိုနာ သေ နဲ့ တေါ့ရတယ်။ မဆန်းတော့ ဘူး ဆိုပေတဲ့ သံဝေဂ ရတယ်။
ဒါကြောင့် လည်း အသက် ၅၀ အရွယ်မှာ အဘိဓမ္မာ ၀ိသုဒ္ဓိမဂ် ဋီကာကျော် စတာတွေ ကို သင်ယူ ပြီး ကြပြီ သင်ယူတော့ လည်း ဘာသွားတွေ့ လဲ ဆိုတော့ ပညတ် နဲ့ ပရမတ် ကိုတွေ့ပါတယ်။ အဘိဓမ္မာသည် ပညတ် နှင့် ပရမတ် ကို ပြတ်သားရှင်း လင်း သေချာစွာ ထင်ရှားသိမြင်စေရန် ခွဲခြားပြသပေသည်” လို့ ဆိုတယ်မဟုတ်လား
ပညတ် ဖြစ်တဲ့ အပေါ်ရံ ရဲ့ ပိုင်ဆိုင် ပတ်သက်မှု မရှိတာအရှိထင်မှု မပိုင်တာ အပိုင် ထင်မှု မစွဲသင့်တာ စွဲလန်းနေမှုတွေ ဟာ ရုပ် နာမ် ဓမ္မ သင်္ခါရ တွေ အပေါ် ငါ။ သူ။ လူ။ ပုဂ္ဂိုလ်။ သတ္တ၀ါ ယောင်္ကျား ။ မိန်းမ ထင်မှတ် မှား ရာ က စတယ် ဆိုတာ မသိ လို့ပါပဲ။
ဘယ်သူမှ ဘယ်အရာ ကိုမှ ထာဝရ မပိုင်ပါ ဘူး မပတ်သက်ပါဘူး ခဏ ကလေးပါ။ အဲသည် ကို သိတဲ့ အချိန် သိတဲ့ အခိုက် သိတဲ့ တစ်ခဏမှာပဲ ( လော ဒေါ မော ) ကိလေသာတွေ မရှိတော့ ဘူး လို့အဘိဓမ္မာက ဆိုပါတယ်။
တရားတစ်ပုဒ် ကို နာကြား ပြီးနောက် ထိုတရား အတိုင်း ( ၀ါ) ဟောသည့်အတိုင်း မကျင် လို လျှင် မလေ့လာ မဆည်း ပူး လိုလျှင် ( ၀ါ ) မကျင့်ဆောင် လျှင် ထိုတရား ကို နာရသည်မှာ အကျိုး မရှိ အချည်းနှီး ဖြစ်တော့သည်။ မိမိသည် ငါးပါးသီလ ကို လုံခြုံ၏ ၈ပါးသီလ ဖြစ်သော ၀ိကာလ ဘောဇနာ (နေ့လွဲညစာ စားခြင်း ) အဗြဟ္မစရိယာ ( မမြတ်သော အကျင့် မကျင့် ခြင်း - အိမ်ထောင်သည် လည်းမဟုတ် ငယ်ရွယ်သူလည်း မဟုတ်ဆိုလျှင် ကျင့်နိုင်ရမည် )။ ပွဲလမ်းသဘင် ကြည့်ခြင်း တီးမှုတ်ကခုန်ခြင်း ကိုယ် ရုပ် ပြုပြင် အလှဆင် လိမ်းခြယ် နံ့သာ ခြယ် ခြင်း ( နစ္စဂီတ........ )ဆိုသည်များက ထိန်းနိုင် လျှင် နေ့စဉ် ဥပုသ် စောင့်နေ ခြင်း ဖြစ်ပါသည်။
ထို့ပြင် မေတ္တာသဟဂတေန စေတဿာ သဗ္ဗပါဏ ဘူတေသု..... အစရှိသော မေတ္တာ ဖြင့် ယှဉ်သောစိတ် ဖြင့်နေ ခြင်းက လည်း မဖြစ်စရာ မနေနိုင်စရာ မ၇ျိပါ။
မေတ္တာကြောင့်ပင် သေခြင်း ကင်းသော နိဗ္ဗာန်သို့ရောက်သွား နိုင်သည် ဟု ဆုံးမ ကြ ပါသည်။ ထိုမေတ္တာ အကြောင်းကို လေ့လာတင်ပြပါဦးမည်။
No comments:
Post a Comment