တကယ်ဆိုရင် အဖေ့ရွာရော အမေ့အရပ် ပါ လက်ရှိမိသားစုနေထိုင် ကြရာ အသက်မွေးဝမ်းကြောင်းပြုရာ လက်ရှိအခြေချရာ ရန်ကုန်မြို့တော် ကြီး နှင့် ဘာမျှမဝေးပါ အဖြောင့်တိုင်းလျှင် မိုင် ၃၀-၄၀ ပဲရှိပါတယ် ။ ရန်ကုန်မှ ပဲခူး လောက် မှော်ဘီလောက် မျှသာဖြစ်ပါသည်။
သို့သော်အဖေ့ရွာရော အမေ့အရပ်ပါ ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိ ဖွံ့ဖြိုးမှု နည်းကြသည်။ အဓိကက ကားလမ်း မရှိ ကျွန်တော် ကနေ့ အဖေ မရှိတော့ အသက် ၅၅ တိုင် မရောက် ဖူးသေ ဒေသ ဖြစ်နေ ပါ သည် အကြောင်းရင်း ကား ကားလမ်းမပေါက်ကြ၍ဖြစ်ပါသည်။
လွန်ခဲ့သော အနှစ် ၆၀ ခန့် အမေတို့ မိသားစု အမေ တို့ မိဘများ တောရွာကလေးက ထွက် လာကြရသည်က တောမှာ အစိုးမ၇တော့လို့ ဖြစ်ပါသည်။ အင်္ဂလိပ် ခေတ် ကလွတ်ပြီ ဆိုကတည်းက တောမှာ လူဆိုးအမျိုးမျိုး လူရောင်စုံအမျိုးမျိုး ထကြသည်။ အမေ အခု ၈၈ က ပြောပါသည် ကိုယ့်ခေါင်း ဘယ်နေ့ ပြုတ်မလဲ တွေးနေရသည်ဆို၏ ။
ဘီအိုင်အေ ဘီဒီအေ ကိုယ့်လူမျိုး ကိုယ့်အစိုးရ ဖြစ်ခဲ့သော ၁၉၄၇ -၄၈ ကျတော့ တောမှာကိုမနေရဲတော့။ အမေတို့မိသားစု လိုက်ကြီး ရန်ကုန်တက် လာကြသည်။ အင်္ဂလိပ်ခေတ် ၁၉၂၅ တွင် တည်ခဲ့သော ဆန်စက်ကြီးကိုလည်း ပေယျာလ ထားကာ တက်ခဲ့ရသည်။
ထိုအချိန်က အမည်မဖေါ်လိုတော့သော(တိုင်းရင်းသား တို့ ထကြရာ) တရွာလုံးနီးပါးမြို့တက်ထွက်ပြေးခဲ့ရသည်။ ရွာလုံးကျွတ် မီး ရှို့သည်။ မပြေးသော မြန်မာဆိုလျှင် သူကြီးကအစ အသတ်ခံရသည်။( အံ့ဖွယ် အချက်တစ် ချက်တော့ ရှိသည် ကျွန်တော့် အဖိုး အမေ တို့ ရွာမှ မြို့တက် လာကြသည် ။ ရွာနီး ချုပ်စပ် အကုန် မီးရှို့ ခံရသည်။
တစ်ရွာလုံးမှာ ထီးထီးကြီး ထိုစဉ်က အတော်ခန်းနာဒးပေလိမ့်မည် ၁၉၂၅ ခု လုပ် ဂျာမဏီ ဆန်စက် ကြီး နှင့် တိုက် ကြီး ကား ထရော်ဝ ရွာ ချောင်းဝ မှာ ထီးထီး ကြီး ထိုခေတ်က ကြောက်ရသော --- ကလည်း မီး လာမရှို့၊ တောကြောင် ဓါးပြများ လူမိုက်များ က လည်း လာမီးမရှိုး မဖျက်ဆီး ( မဆလ လက်ထက် ၁၉၇၉-၈၀ ကျမှ စက် ကလည်း မကိုက်တော့ ရောင်းပစ် လိုက်ရသည် ) ကံကောင်းသည်မှာ အဖိုး လည်း ဇူဇကာ မဖြစ်လိုက်ရ ထောင်မကျ (ကောင်းလိုက်သည့် ဘ၀များ သူတပါးအနှိပ်စက်မခံရမည့် ဇာတာ ပါသူများ )
သည်အချိန် က ရန်ကုန်မြို့ကြီးကား သန့်ပြန့်ပါဘိ စည်ကားပါဘိ အေးချမ်းပါဘိ ဆိုးနေသည်က အမေ တို့ ရွာ ကဲ့သို့ လက်တကမ်း အကွာက မြို့မဟုတ် ရွာမဟုတ် များ မှာသာ ဓါးပြလူဆိုးများက ပေါလှသည်။ အမေသည် ရန်ကုန်တက်လာတော့ အပျိုအရွယ် ၁၈ နှစ်မျှသာ အမေတို့ သားသမီး ၉ယောက် အမေက စတုတ္ထ သမီး အမေ့ အကို တယောက်သာ အိမ်ထောင်ကျသေးသည် ။
အမေ မိဘ များ နှင့်အတူ ရန်ကုန်ရောက်တော့ စမ်းချောင်း မြောင်းမြလမ်း။ ရန်ကုန် ၄၃ လမ်း ၊ အလုံ စူပါပင်လမ်း၊ ထိုမှ ဖရန်ကလင် လမ်း တို့တွင် ပြောင်းနေသည် ဖရန်ကလင်လမ်း ရှိ ဧ၇ာဝတီ ကုမ္ပဏီ မှ ( နာမည်ကျော် ၀င်းမင်းသန်း တို့နေသွားသော အိမ်ကြီး ) ကို ၀ယ်ယူပြီးနေသည် မှာ ဤအိမ်ကြီးမှာ အမေတို့ ဖခင် မိခင် ကြီးများ အသက် ၈၀ကျော်အထိ ရိုးမြေကျနေသွားခဲ့သည်မှာ ၁၉၈၂ လောက်အထိ ဖြစ်လေသည်။
အမေကတော့ ၁၉၅၆ အသက် ၃၂ နှစ် အရွယ်တွင် အဖေ နှင့် အကြောင်းပါသည်။
အဖေကတော့ ရန်ကုန်မှ ၂၁ မိုင် ပဲဝေးသည့် တွံတေး တူးမြောင်း အ၀ မှာရှိသော ရွာသိမ် ကလေး မှ ဖြစ်ပါသည်။ အဖေ့ရွာမှ လူအများစု မှာ ရွာထိပ် ဖြတ်လာသမျှ ဧရာဝတီ သင်္ဘော တို့ ကို ဈေးေ၇ာင်း ကြသည့်ဈေးသည်များ ဖြစ်သည်။ ခြံအလုပ် အနည်းငယ်လုပ်ကြသည် ကားလမ်း မရှိ၍ ကျောင်း လည်းမရှိ အမျိုး ရှိသူတို့က တွံတေးသွားနေကြသည်။
တွံတေးကား အင်္ဂလိပ်ခေတ်က ပင် ကားလမ်းပေါက်နေပြီ ။ အဖေ့အမျိုး ညီအကိုဝမ်းကွဲ တွံတေးသားများ ဘုရားကြီး (ဖလကြီး) သားများသည် ကားမောင်းတတ် ကြသည် ။ အဖေ့အဖေ မှာ ထိုခေတ်က ဆန်ပွဲစား စပါးပွဲစား လှေတစ်စင်းဖြင့် ရွာစဉ် စက်စဉ် လှည့် ကုန်ကူးသူ အဖေ တို့ အမေ နှင့် ကလေး ၅ ယောက်ရသည် အဖေ အငယ်ဆုံးမွေး ပြီးချိန်တွင် အဖေ့အမေ နှင့် အဖေ့အဖေ တို့ သိပ်အစေးမကပ်လှတော့ အဖေမှာ သူ့အမေ နှင့် ရွာမှာ ကုန်စုံဆိုင်လေးဖွင့်စားရသည် အဖေတို့အဖေ မှာ စပါးပွုစားဘ၀ ဖြင့် ယခုခေတ် အိမ်မှ ကားသမားများ လို ရွာစဉ် လှည့်နေရာ မှ နောင်အခါ ခနောင်တို ရှိ စတီးဘရားသား ကုမ္ပဏီ ပိုင် စက် ကြီးတွင် အခြေချသဖြင့် အဖေ တို့ ကို ခေါ် ပညာသင်ပေးသည်။ အဖေ ၁၆-၁၇ သားလောက်တွင် ခနောင်တိုရောက်သည် သိပ်မကြာမီ ရွာမှ အမေ ကျိုခေါ်ကာ ကြည့်မြင်တိုင် တွင် အိမ် ငှားနေကြသည်။ အဖေ့အကိုများက တွံတေး ရှိ ညီအကိုဝမ်းကွဲများ နှင့်ပေါင်းကာ ကား လိုက်ကြ ကားမောင်းကြသည် အဖေကား ကြည့်မြင်တိုင် ကန်းနားဈေးတွင် အထည်ဆိုင်စရောင်းသည်။
အထည်ရောင်းပြီးနောက် အကို များ အကို ၀မ်းကွဲများ က ကားသမားတွေ ဖြစ်နေကြ၍ အထည်ဆိုင် ကို ရောင်း ပြီး ကားစထောင်သည်။ စစ်ပြီးခါစ ဖြစ်ရာ ရှေးခေတ် ဘတ်စကား သစ်သားဘော်ဒီများ ဖြစ်ပါသည်။ ထိုအချိန်တွင် ရန်ကုန် တွင်ရောက်နေပြီ ဖြစ်သော ထရော်ဝ စက်ပိုင် ဦးပေါက်တို့ မိသားစု က လည်း စူပါပင် လမ်း တွင် ကားထောင်သည့် လုပ်ငန်း လုပ်နေပြီ ဖြစ်လေသည်။
အဖေတို့မိသားစုတွင် အဖေ့အဖေ က နောက်ဇနီး နှင့်နေသည် အဖေ့အမေရင်းမှာ ထိုအချိန်တွင် ( အသက် ၅၀ ခန့်တွင် ) သားအိမ်ရောဂါ ဖြစ်နေပေပြီ။ အဖေ့အဖေ မှာ ရန်ကုန်ရောက် လူလည် ဖြစ်သည် ရန်ကနြ် ၂၄ လမ်း သိမ်ကြီးဈေး မှာ ကျင်လည်ပြန်သည် ဒုတိယဇနီးနှင့်နေသည်။ အဖေ စတင် ကြီးပွားစ အချိန်တွင် ( အိမ်မ၀ယ်ရသေးခင်) အဖေ့အမေရင်း ဆုံးသည်။
အဖေ့မိထွေး နှင့် အဖေ့အဖေ တို့မှ သားသမီးများကို စုစည်းကာ ရန်ကုန် ကြည့်မြင်တိုင် နတိစင် လမ်း တွင် ပေ ၃၀ x၆၀ အိမ် ၀ယ်သည် ဘတ်စကား လည်း ၅ စီ ၆ စီး ပိုင်နေပြီ။ အဖေ ကားထောင်စ ခေတ်သည် အလွန် ပစ္စည်းပေါပါ၏ ကားဖရိန်ဆိုလျှင် ၀ယ်ရန်မလို ထမ်းခပေးလျှင် ရွှေတိဂုံ သံပုံချိုင့်မှာ သွားထမ်းရ၏ သစ်ပေါ၏ နိုင်ငံရေးစိုးရခေတ် ကုမ္ပဏီခေတ် ဖြစ်၍ ပစ္စည်းမရှား။
ထိုအချိန်တွင် စစ်ကြွင်းစစ်ကျန်များ စစ်ကားများကို ဘာလ်သာဇာ ကုမ္ပဏီမှ လေလံ ပစ်၏ အဖေသည် ခနောင်တိုတွင် စတီးစက်ဝင်းမှာနေစဉ်က အင်္ဂလိပ်စာ ဟင်ဒီ တမီလ် ဘာသာ များ တတ် ကျွမ်း ခဲ့သည်။ ထိုအချိန်က လေလံပွဲ ၀ယ် အဖျေနှင့်တယောက် ၂ယောက် သာ ဗမာ ကျန်တာ ကုလား ချည့် ဖြစ်၏ ပထမ ကလားများက အဖေ့ ရှေ့တွင် ကုလား လိုပြော သေး၏ နောင်မှ အဖေ ကုလားစကားတတ်မှန်းသိသော အခါ အဖေ့ကို လွှတ်မထားရဲတော့ အဖေ့ကို သူတို့ အဖွဲ့ထဲခေါ်ထည့်ရသည် အဖေ ကြိုက်သော ကား တစီး ၂စီး ဆွဲ ပြီးမှ သူတို့ ဆွဲကြသည် အဖေ လေလံပွဲမှ ပြန်သော အခါမှ သူတို့က လေလံပွဲ ကို အုပ်စီးကာ အမြတ်များစွာ ရရှိသည် နောင်အခါ အဖေ ကို ကားတစီး ၂ စီး အဖေ့ အကြိုက်ပေး ဆွဲစေယုံမက လေလံအဖွဲ့တွင် ရှယ်ယာထည့်ပေးသည် အဖေ ကားလေလံလောက တွင် ၁၉၈၈ အထိ ရှိသည်။ ၁၉၈၈ ကျော် သော အခါ လေလံပွဲသည် ခရိုနီ စားကျက် ဖြစ်သွားသည်။ အဖေ လည်း ကျန်းမာရေးကြောင့် မသွားတော့ ၁၉၉၂ တွင်အဖေ လေ ဖြတ်ရာ စီးပွားရေးကို စွန့်လွှတ် လိုက်ပါတော့သည်။
အဖေသည် ၁၉၄၇ မှ ၁၉၅၆ လောက်အထိ ၉ နှစ်လောက်အတွင်း အိမ် ကား ပြည့်စုံစွာ ဖြင့် အမေ့ကိုလက်ထပ်ယူနိုင်ခဲ့သည် ထိုအချိန်က အဖေ ၂၆ နှစ် အမေ ၃၁ နှစ်။ အသက် ၁၇ နှစ်မှာ စီးပွား ရှာရာ ၂၆ နှစ်တွင် ကျိုက်လတ် ထရော်ဝ စက်ပိုင်ရှင် ဦးပေါက် ဒေါ်မမိ တို့၏ သမီး ( ရန်ကုန်တွင် ချစ်စရာ ရေခဲချောင်းစက် / ကား လုပ်ငန်းရှင်) အမေ့ ကို ရွှေတိဂုံဘုရားလမ်း ဆနိးကဖီး တွင် လက်ထပ် ခဲ့ပါသည်။
အမေ သည် သူ၏ ဖခင် မိသားစုပိုင် ရန်ကုန် မြို့ အလုံ ဖရန်ကလင် လမ်း( ဗဟိုအမျိုးသမီးဆေးရုံရှေ့ လမ်း ) ရှိ ခြံဝင်းကျယ် အဂ်လိပ် အမျိုးသမီး မစ်စစ် ရေးဘန်း ပိုင် ၂ထပ် တိုက်ကြီးမှ အဖေ နေရာ ရန်ကုန် ကြည့်မြင်တိုင် နတ်စင်လမ်း အမှတ် ၈၆ လုံးချင်း အိမ် သို့ ပြောင်း လာလိုက်လာခဲ့ရသည်။ ကျွန်တော့် ကိုယ်ဝန်ရှိသော အခါ အမေ တို့ အဖေ ခြံဝင်းတွင် တစ်ထပ်အိမ် သီးခြားဆောက်၍ နေကြသည်။ ကျွန်တော်တို့ ကို အဆိုပါ ဖရန်ကလင် လမ်း ရှိ ဆန်းလိုက် ခရစ်ယန် ကရင် သာသနာပြုဆေးရုံမှာမွေးသည်။
ကျွန်တော် အသက် ၂၀ ပြည့်ကာနီး တွင် အဖေ သည် ယခု နေထိုင်ရာ ခြံဝင်းကျယ် ကြီးကို ၀ယ်နိုင်ပါ၏ အဖေ့မှာ သည့်ထက်ကောင်းသော နေရာ ၀ယ်နိုင်သော်လည်း ထိုခေတ် ၁၉၇၄-၇၆ ၏ နိုင်ငံရေးက မငြိမ် ဦးသန့်အရေး အခင်း အပြင် စစ်အစိုးရ ပါတီပြောင်း ကလည်း တစ်တီတူး လို အခြေအနေမျိုး အိမ်ခြံမြေ ထဲ ကို ဂျီသရီး ထမ်းဝင် ကင်းစောင့်တတ်ပေရာ လမ်းမတန်း ( ပြည်လမ်း ဦးဝိစာရလမ်း များ ဈေး မရှိ ) ယခုနေရာ ကို လွတ်လပ်သည်ဟု ဆိုကာ အဖေက ၃ သိန်းကျော် ဖြင့် ၀ယ်လေသည်။ အဖေက ပြည်လမ်းဂုတ် ခြံ ၀ယ်ပြီး ချိန် ဦးဝိစာရလမ်းမှ ရပ်ကွက် ဥက္ကဌ ဦးဝင်းဖေ အိမ် က ၂၀၀၀၀၀ မျှသာ မရမ်းခြံကျောင်းရှေ့ ထိုစဉ်က ပင် ကားကြီး မ၀င်ရ အဖေ က ကားသမား ထို့ပြင် ထိုအချိန်က ကြံတော သုဿာန်သို့ အသုဘ ချရာ ဆေးရုံကြီး နှင့် မြို့ ထဲက ချသမျှ အသုဘ အသံချဲ့စက်က တနေ့တနေ့ သံဝေဂ သီလရင် ရွတ်သံ ယောဂီ ရွတ်သံများ က ကားတစင်းပြီးတစ်စင်း ရွှေထီး တစ်ဝင်းဝင်း လူမကြိုက်ါကြပေ။
ယခုမူ စင်္ကာပူ ထိုင်း မွေး ကလေူများ လိုပင် မြန်မာ ပြည်တွင် လည်း အသုဘ ချတာ မမြင်ဘူးကြတော့ပါ။
ရက်နေ့အချိန်တွင်
No comments:
Post a Comment