ဘူတာ = ဆိုတာ ခန္ဓာကိုယ် ပီပီပြင်ပြင် ထင်ထင်ရှား၇ှား ဖြစ်လာတာ။ သမ္ဘဝေသီကတော့ ကိုယ်အထည်မထင်ရှားသေးတာ ဒါကို လည်းမကျန် အောင်မေတ္တာပို့တယ်။
န ပရော ပရံ နိကုဗ္ဗေထ =လူအချင်းချင်း လှည့်ပတ် ခြင်းကင်းပါစေ၊
နာတိမညေထကတ္ထစိ န ကိဉ္စိ=အထင်သေးခြင်း အချင်းချင်းကင်းပါစေ
“ဗျာရောသနာ ပဋိဃသည၊နညမညဿ ဒုက္ခ မိစ္ဆေယျ” စော်ကားတာ မုန်းတီးတာ တဦးကိုတစ်ဦး ဒုက္ခဖြစ်မှု ကို မလိုလားပါနှင့် ။
မေတ္တာသုတ် ကိုရွတ်တဲ့အခါမှာ ဒီအဓိပ္ပါယ်လေးတွေ သိအောင် လုပ်ရမယ် ကိုယ်တိုင်ကျင့်ရမယ်။
“မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ၊
ဧ၀မ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ”
သားသမီးတယောက်တည်းထွန်းကား တဲ့ မိခင်ဟာ ထိုသားသမီးကို အသက်ပေး စောင့်ေ၇ှာက်သကဲ့သို့ “ မာနသံ ဘာဝယေ အပရိမာဏံ” အတိုင်းအတာ အကန့်အသတ် မရှိတဲ့ မေတ္တာ မျိုး ကို သတ္တ၀ါ အား လုံးအပေါ်မှာ ဖြစ်အောင် ထားပါ။
မေတ္တဉ္စ သဗ္ဗလောကသ္မိံ တစ်လောက လုံး အပေါ်မှာ မိခင်မေတ္တာမျိုး ထား၊
ဥဒ္ဒံ = အထက် အဓော =အောက် တိရိယ = အလယ်
အသမ္ဗာဓံ= ကျဉ်းမြောင်းသောစိတ် အဝေရ = ရန်မရှိ
တိဋ္ဌံ စရံ နိသိန္ဒော ၀၊ သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ
တိဋ္ဌံ= မတ်တပ်ရပ်နေတုံး စရံ = လမ်းလျှောက်နေ နိသိန္ဒော =ထိုင်နေ သယာနော = လျောင်း နေ အချိန် တိုင်း။
ဧတံ သတိံ အဓိဋ္ဌေယျ = မေတ္တာသတိ ထားပါ။
ဗြဟ္မ ၀ိဟာရ = မြတ်သော နေ ခြင်း။
ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ - မှားယွင်းတဲ့ အယူအဆတစ်ခု ကို မရောက်ပါစေနဲ့-အတ္တ ဒိဋ္ဌိ ကို ပယ်ခွာ လိုက်ပါ။ ( သတ္တ၀ါဆိုတာ မရှိဘူး ဆိုတာ လက်ခံရမယ် သတ္တ၀ါ ရှိတယ် အတွေး ကို ဖျောက် ငါမေတ္တာပို့နေ့ တဲ့ ပုဂ္ဂိုလ် က လည်း ရုပ်နဲ့ နာမ် ၂ မျိုးသာ ရှိတယ်။ ပို့နေတဲ့ ပုဂ္ဂိုလ်က လည်း ရုပ်နဲ့ နာမ် ၂ မျိုး ပဲ ရှိတယ်။လို့ ဆိုလိုပါတယ်။
သီလ၀ါ = ကိုယ်ကျင့် သီလ ရှိရမယ်။ သီလ ကြောင့် ပီတိ ဖြစ်
င်္ပတိ ကိုအကြောင်းပြု ပဿဓိ ကိုယ်စိတ်ငြိမ်းချမ်းတယ်။
“ ဒဿနေန သမ္ပန္နော ” = ၀ိပဿနာဥာဏ်အဆင့်ဆင့်တက်၍ နိဗ္ဗာန်
မြင်၊ ( သင်္ခါရ တရားတွေရဲ့ ချုပ်ငြိမ်းရာနိဗ္ဗာန် ကို မြင် ) -သောတာပန်ဖြစ်။
“ ကာမေသု ၀ိနေယျ ဂေဓံ ” ကာမဂုဏ် အာရုံတွေမှာ တပ်မက်တဲ့ တဏှာ ကို ဖယ်ရှားပါ။ ( အနာဂါမ်ဖြစ်တာ )
“န ဟိ ဇာတု ဂ္ဂ ဗ္ဘသေယျ ပုန ရေတိ ” = ကာမဂုဏ် အာရုံတွေအပေါ်မှာ တပ်မက်မှု ကင်းသွားပြီးနောက် ၀ိပဿနာ အရှိန် မြှင့် လိုက် လို့ ရှိရင် ဘ၀ တစ်ခုမှာ နောက်ထပ် ဘယ်တော့မှ မိခင် ၀မ်းထဲ ရောက်တော့မှာ မဟုတ် ဘူး။ ( ရဟန္တာဖြစ်တာကိုပြော)
No comments:
Post a Comment