Tuesday, November 27, 2012

အဖေ့ရွာ အမေ့အရပ်

              တကယ်ဆိုရင်  အဖေ့ရွာရော  အမေ့အရပ် ပါ လက်ရှိမိသားစုနေထိုင် ကြရာ အသက်မွေးဝမ်းကြောင်းပြုရာ လက်ရှိအခြေချရာ ရန်ကုန်မြို့တော် ကြီး နှင့် ဘာမျှမဝေးပါ  အဖြောင့်တိုင်းလျှင် မိုင် ၃၀-၄၀ ပဲရှိပါတယ် ။ ရန်ကုန်မှ ပဲခူး လောက် မှော်ဘီလောက် မျှသာဖြစ်ပါသည်။

         သို့သော်အဖေ့ရွာရော အမေ့အရပ်ပါ ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိ ဖွံ့ဖြိုးမှု နည်းကြသည်။ အဓိကက ကားလမ်း မရှိ  ကျွန်တော် ကနေ့ အဖေ မရှိတော့ အသက် ၅၅ တိုင် မရောက် ဖူးသေ ဒေသ ဖြစန ပါ    သည်  အကြောင်းရင်း ကား  ကားလမ်းမပေါက်ကြ၍ဖြစပါသည်။ 


          လွန်ခဲ့သော အနှစ် ၆၀ ခန့် အမေတို့ မိသားစု  အမေ တို့ မိဘများ  တောရွာကလေးက ထွက် လာကြရသည်က တောမှာ အစိုးမ၇တော့လို့ ဖြစ်ပါသည်။ အင်္ဂလိပ် ခေတ် ကလွတ်ပြီ ဆိုကတည်းက တောမှာ လူဆိုးအမျိုးမျိုး လူရောင်စုံအမျိုးမျိုး ထကြသည်။  အမေ အခု ၈၈ က ပြောပါသည်  ကိုယ့်ခေါင်း ဘယ်နေ့ ပြုတ်မလဲ  တွေးနေရသည်ဆို၏ ။
            
              ဘီအိုင်အေ ဘီဒီအေ  ကိုယ့်လူမျိုး ကိုယ့်အစိုးရ ဖြစ်ခဲ့သော ၁၉၄၇ -၄၈ ကျတော့ တောမှာကိုမနေရဲတော့။ အမေတို့မိသားစု လိုက်ကြီး ရန်ကုန်တက် လာကြသည်။ အင်္ဂလိပ်ခေတ် ၁၉၂၅ တွင် တည်ခဲ့သော  ဆန်စက်ကြီးကိုလည်း ပေယျာလ ထားကာ တက်ခဲ့ရသည်။
              ထိုအချိန်က အမည်မဖေါ်လိုတော့သော(တိုင်းရင်းသား တို့ ထကြရာ) တရွာလုံးနီးပါးမြို့တက်ထွက်ပြေးခဲ့ရသည်။  ရွာလုံးကျွတ် မီး ရှို့သည်။ မပြေးသော မြန်မာဆိုလျှင် သူကြီးကအစ အသတ်ခံရသည်။( အံ့ဖွယ် အချက်တစ် ချက်တော့ ရှိသည်  ကျွန်တော့် အဖိုး  အမေ တို့  ရွာမှ မြို့တက် လာကြသည် ။ ရွာနီး ချုပ်စပ် အကုန် မီးရှို့ ခံရသည်။   
              တစ်ရွာလုံးမှာ ထီးထီးကြီး  ထိုစဉ်က အတော်ခန်းနာဒးပေလိမ့်မည် ၁၉၂၅ ခု လုပ် ဂျာမဏီ ဆန်စက် ကြီး နှင့် တိုက် ကြီး ကား ထရော်ဝ ရွာ ချောင်းဝ မှာ ထီးထီး ကြီး ထိုခေတ်က ကြောက်ရသော  ---  ကလည်း မီး လာမရှို့၊ တောကြောင် ဓါးပြများ လူမိုက်များ က လည်း  လာမီးမရှိုး မဖျက်ဆီး  (  မဆလ လက်ထက်  ၁၉၇၉-၈၀ ကျမှ စက် ကလည်း မကိုက်တော့ ရောင်းပစ် လိုက်ရသည် ) ကံကောင်းသည်မှာ  အဖိုး လည်း ဇူဇကာ မဖြစ်လိုက်ရ  ထောင်မကျ  (ကောင်းလိုက်သည့် ဘ၀များ   သူတပါးအနှိပ်စက်မခံရမည့် ဇာတာ ပါသူများ )
             သည်အချိန် က ရန်ကုန်မြို့ကြီးကား သန့်ပြန့်ပါဘိ စည်ကားပါဘိ အေးချမ်းပါဘိ ဆိုးနေသည်က အမေ တို့ ရွာ ကဲ့သို့ လက်တကမ်း အကွာက   မြို့မဟုတ်  ရွာမဟုတ်   များ မှာသာ ဓါးပြလူဆိုးများက ပေါလှသည်။   အမေသည်  ရန်ကုန်တက်လာတော့ အပျိုအရွယ် ၁၈ နှစ်မျှသာ   အမေတို့ သားသမီး ၉ယောက် အမေက စတုတ္ထ  သမီး  အမေ့ အကို တယောက်သာ  အိမ်ထောင်ကျသေးသည် ။
              အမေ  မိဘ များ နှင့်အတူ  ရန်ကုန်ရောက်တော့  စမ်းချောင်း  မြောင်းမြလမ်း။ ရန်ကုန် ၄၃ လမ်း ၊   အလုံ စူပါပင်လမ်း၊ ထိုမှ ဖရန်ကလင် လမ်း တို့တွင် ပြောင်းနေသည် ဖရန်ကလင်လမ်း ရှိ ဧ၇ာဝတီ ကုမ္ပဏီ မှ ( နာမည်ကျော် ၀င်းမင်းသန်း တို့နေသွားသော အိမ်ကြီး ) ကို ၀ယ်ယူပြီးနေသည် မှာ ဤအိမ်ကြီးမှာ အမေတို့ ဖခင် မိခင် ကြီးများ အသက် ၈၀ကျော်အထိ ရိုးမြေကျနေသွားခဲ့သည်မှာ ၁၉၈၂ လောက်အထိ ဖြစ်လေသည်။
            အမေကတော့ ၁၉၅၆ အသက် ၃၂ နှစ် အရွယ်တွင် အဖေ နှင့် အကြောင်းပါသည်။ 
          အဖေကတော့ ရန်ကုန်မှ ၂၁ မိုင် ပဲဝေးသည့် တွံတေး တူးမြောင်း အ၀ မှာရှိသော ရွာသိမ် ကလေး မှ ဖြစ်ပါသည်။ အဖေ့ရွာမှ လူအများစု မှာ ရွာထိပ် ဖြတ်လာသမျှ ဧရာဝတီ သင်္ဘော တို့ ကို ဈေးေ၇ာင်း ကြသည့်ဈေးသည်များ ဖြစ်သည်။ ခြံအလုပ် အနည်းငယ်လုပ်ကြသည် ကားလမ်း မရှိ၍ ကျောင်း လည်းမရှိ အမျိုး ရှိသူတို့က တွံတေးသွားနေကြသည်။ 
          တွံတေးကား အင်္ဂလိပ်ခေတ်က ပင် ကားလမ်းပေါက်နေပြီ ။ အဖေ့အမျိုး ညီအကိုဝမ်းကွဲ  တွံတေးသားများ ဘုရားကြီး (ဖလကြီး) သားများသည် ကားမောင်းတတ် ကြသည် ။   အဖေ့အဖေ မှာ ထိုခေတ်က ဆန်ပွဲစား စပါးပွဲစား  လှေတစ်စင်းဖြင့် ရွာစဉ် စက်စဉ် လှည့် ကုန်ကူးသူ  အဖေ တို့ အမေ နှင့် ကလေး ၅ ယောက်ရသည် အဖေ  အငယ်ဆုံးမွေး ပြီးချိန်တွင် အဖေ့အမေ  နှင့် အဖေ့အဖေ တို့ သိပ်အစေးမကပ်လှတော့  အဖေမှာ  သူ့အမေ နှင့် ရွာမှာ ကုန်စုံဆိုင်လေးဖွင့်စားရသည် အဖေတို့အဖေ မှာ စပါးပွုစားဘ၀ ဖြင့် ယခုခေတ် အိမ်မှ ကားသမားများ လို ရွာစဉ် လှည့်နေရာ မှ နောင်အခါ ခနောင်တို ရှိ စတီးဘရားသား ကုမ္ပဏီ ပိုင် စက် ကြီးတွင် အခြေချသဖြင့်  အဖေ တို့ ကို ခေါ် ပညာသင်ပေးသည်။ အဖေ ၁၆-၁၇ သားလောက်တွင် ခနောင်တိုရောက်သည် သိပ်မကြာမီ  ရွာမှ အမေ ကျိုခေါ်ကာ ကြည့်မြင်တိုင် တွင် အိမ် ငှားနေကြသည်။  အဖေ့အကိုများက တွံတေး ရှိ ညီအကိုဝမ်းကွဲများ နှင့်ပေါင်းကာ ကား လိုက်ကြ ကားမောင်းကြသည် အဖေကား ကြည့်မြင်တိုင် ကန်းနားဈေးတွင် အထည်ဆိုင်စရောင်းသည်။ 
အထည်ရောင်းပြီးနောက် အကို များ အကို ၀မ်းကွဲများ က ကားသမားတွေ ဖြစ်နေကြ၍  အထည်ဆိုင် ကို ရောင်း ပြီး  ကားစထောင်သည်။ စစ်ပြီးခါစ ဖြစ်ရာ  ရှေးခေတ် ဘတ်စကား သစ်သားဘော်ဒီများ ဖြစ်ပါသည်။   ထိုအချိန်တွင် ရန်ကုန် တွင်ရောက်နေပြီ ဖြစ်သော  ထရော်ဝ စက်ပိုင် ဦးပေါက်တို့ မိသားစု က လည်း  စူပါပင် လမ်း တွင်  ကားထောင်သည့် လုပ်ငန်း လုပ်နေပြီ ဖြစ်လေသည်။
      အဖေတို့မိသားစုတွင် အဖေ့အဖေ က နောက်ဇနီး နှင့်နေသည် အဖေ့အမေရင်းမှာ ထိုအချိန်တွင် ( အသက် ၅၀ ခန့်တွင် ) သားအိမ်ရောဂါ ဖြစ်နေပေပြီ။ အဖေ့အဖေ မှာ ရန်ကုန်ရောက် လူလည် ဖြစ်သည် ရန်ကနြ် ၂၄ လမ်း သိမ်ကြီးဈေး မှာ ကျင်လည်ပြန်သည် ဒုတိယဇနီးနှင့်နေသည်။ အဖေ စတင် ကြီးပွားစ အချိန်တွင် (  အိမ်မ၀ယ်ရသေးခင်) အဖေ့အမေရင်း ဆုံးသည်။ 
     အဖေ့မိထွေး နှင့် အဖေ့အဖေ တို့မှ သားသမီးများကို စုစည်းကာ ရန်ကုန် ကြည့်မြင်တိုင် နတိစင် လမ်း တွင် ပေ ၃၀  x၆၀ အိမ် ၀ယ်သည် ဘတ်စကား လည်း ၅ စီ ၆ စီး ပိုင်နေပြီ။ အဖေ ကားထောင်စ ခေတ်သည် အလွန် ပစ္စည်းပေါပါ၏ ကားဖရိန်ဆိုလျှင် ၀ယ်ရန်မလို ထမ်းခပေးလျှင် ရွှေတိဂုံ သံပုံချိုင့်မှာ သွားထမ်းရ၏  သစ်ပေါ၏ နိုင်ငံရေးစိုးရခေတ် ကုမ္ပဏီခေတ် ဖြစ်၍ ပစ္စည်းမရှား။ 
ထိုအချိန်တွင် စစ်ကြွင်းစစ်ကျန်များ စစ်ကားများကို ဘာလ်သာဇာ ကုမ္ပဏီမှ လေလံ ပစ်၏  အဖေသည် ခနောင်တိုတွင် စတီးစက်ဝင်းမှာနေစဉ်က အင်္ဂလိပ်စာ ဟင်ဒီ တမီလ် ဘာသာ များ တတ် ကျွမ်း ခဲ့သည်။ ထိုအချိန်က လေလံပွဲ ၀ယ် အဖျေနှင့်တယောက် ၂ယောက် သာ ဗမာ ကျန်တာ ကုလား ချည့် ဖြစ်၏  ပထမ ကလားများက အဖေ့ ရှေ့တွင် ကုလား လိုပြော သေး၏ နောင်မှ  အဖေ ကုလားစကားတတ်မှန်းသိသော အခါ အဖေ့ကို လွှတ်မထားရဲတော့ အဖေ့ကို သူတို့ အဖွဲ့ထဲခေါ်ထည့်ရသည် အဖေ ကြိုက်သော ကား တစီး ၂စီး ဆွဲ ပြီးမှ သူတို့ ဆွဲကြသည်  အဖေ လေလံပွဲမှ ပြန်သော အခါမှ သူတို့က လေလံပွဲ ကို အုပ်စီးကာ အမြတ်များစွာ ရရှိသည်  နောင်အခါ အဖေ ကို ကားတစီး ၂ စီး အဖေ့ အကြိုက်ပေး ဆွဲစေယုံမက လေလံအဖွဲ့တွင် ရှယ်ယာထည့်ပေးသည်  အဖေ ကားလေလံလောက တွင် ၁၉၈၈ အထိ ရှိသည်။ ၁၉၈၈ ကျော် သော အခါ  လေလံပွဲသည် ခရိုနီ စားကျက် ဖြစ်သွားသည်။ အဖေ လည်း ကျန်းမာရေးကြောင့် မသွားတော့ ၁၉၉၂ တွင်အဖေ လေ ဖြတ်ရာ  စီးပွားရေးကို စွန့်လွှတ် လိုက်ပါတော့သည်။
     အဖေသည် ၁၉၄၇ မှ ၁၉၅၆ လောက်အထိ ၉ နှစ်လောက်အတွင်း အိမ် ကား ပြည့်စုံစွာ ဖြင့် အမေ့ကိုလက်ထပ်ယူနိုင်ခဲ့သည် ထိုအချိန်က အဖေ ၂၆ နှစ် အမေ ၃၁ နှစ်။  အသက် ၁၇ နှစ်မှာ စီးပွား ရှာရာ ၂၆ နှစ်တွင်  ကျိုက်လတ် ထရော်ဝ စက်ပိုင်ရှင် ဦးပေါက် ဒေါ်မမိ တို့၏ သမီး ( ရန်ကုန်တွင် ချစ်စရာ ရေခဲချောင်းစက် / ကား လုပ်ငန်းရှင်) အမေ့ ကို  ရွှေတိဂုံဘုရားလမ်း ဆနိးကဖီး တွင် လက်ထပ် ခဲ့ပါသည်။
     အမေ သည် သူ၏ ဖခင် မိသားစုပိုင် ရန်ကုန် မြို့ အလုံ ဖရန်ကလင် လမ်း( ဗဟိုအမျိုးသမီးဆေးရုံရှေ့ လမ်း ) ရှိ ခြံဝင်းကျယ် အဂ်လိပ် အမျိုးသမီး မစ်စစ် ရေးဘန်း  ပိုင် ၂ထပ် တိုက်ကြီးမှ   အဖေ နေရာ ရန်ကုန် ကြည့်မြင်တိုင် နတ်စင်လမ်း အမှတ် ၈၆ လုံးချင်း အိမ် သို့ ပြောင်း လာလိုက်လာခဲ့ရသည်။ ကျွန်တော့် ကိုယ်ဝန်ရှိသော အခါ အမေ တို့ အဖေ ခြံဝင်းတွင် တစ်ထပ်အိမ် သီးခြားဆောက်၍ နေကြသည်။ ကျွန်တော်တို့ ကို အဆိုပါ ဖရန်ကလင် လမ်း ရှိ ဆန်းလိုက် ခရစ်ယန် ကရင် သာသနာပြုဆေးရုံမှာမွေးသည်။
        ကျွန်တော် အသက် ၂၀ ပြည့်ကာနီး တွင် အဖေ သည် ယခု နေထိုင်ရာ ခြံဝင်းကျယ် ကြီးကို ၀ယ်နိုင်ပါ၏ အဖေ့မှာ သည့်ထက်ကောင်းသော နေရာ ၀ယ်နိုင်သော်လည်း  ထိုခေတ် ၁၉၇၄-၇၆ ၏ နိုင်ငံရေးက မငြိမ် ဦးသန့်အရေး အခင်း အပြင်  စစ်အစိုးရ ပါတီပြောင်း  ကလည်း တစ်တီတူး လို အခြေအနေမျိုး အိမ်ခြံမြေ ထဲ ကို ဂျီသရီး ထမ်းဝင် ကင်းစောင့်တတ်ပေရာ လမ်းမတန်း ( ပြည်လမ်း ဦးဝိစာရလမ်း များ ဈေး မရှိ ) ယခုနေရာ ကို လွတ်လပ်သည်ဟု ဆိုကာ အဖေက ၃ သိန်းကျော် ဖြင့် ၀ယ်လေသည်။  အဖေက ပြည်လမ်းဂုတ် ခြံ ၀ယ်ပြီး ချိန် ဦးဝိစာရလမ်းမှ ရပ်ကွက် ဥက္ကဌ ဦးဝင်းဖေ အိမ် က ၂၀၀၀၀၀  မျှသာ မရမ်းခြံကျောင်းရှေ့ ထိုစဉ်က ပင် ကားကြီး မ၀င်ရ အဖေ က ကားသမား  ထို့ပြင် ထိုအချိန်က ကြံတော သုဿာန်သို့ အသုဘ ချရာ  ဆေးရုံကြီး နှင့် မြို့ ထဲက ချသမျှ အသုဘ  အသံချဲ့စက်က တနေ့တနေ့ သံဝေဂ   သီလရင် ရွတ်သံ ယောဂီ ရွတ်သံများ က ကားတစင်းပြီးတစ်စင်း  ရွှေထီး တစ်ဝင်းဝင်း လူမကြိုက်ါကြပေ။
     ယခုမူ  စင်္ကာပူ ထိုင်း မွေး ကလေူများ လိုပင်  မြန်မာ ပြည်တွင် လည်း အသုဘ ချတာ မမြင်ဘူးကြတော့ပါ။
     ရက်နေ့အချိန်တွင်  

  

Saturday, November 24, 2012

ငြိမ်းချမ်း ပါစေ

             အမေ့အသက် မငယ်ပါ အမေ့အသက် ၉၀ နီးနေ ပါပြီ  မိမိ နှင့် မွးနေ့( မွေးရက် )မွေး တူဖြစ်ပါသောကြောင့် ၁၃၇၄ နတ်တော်လပြည့်ကျော် ၉ ရက်  တနင်္ဂနွေနေ့တွင် အမေ့အသက် သည် ၈၇  နှစ်တင်းတင်းပြည့်ကာ ၈၈ နှစ်အတွင်းသို့ရောက်၇ှိပေမည်။ မိမိ လည်း အမေထက် ၃၂ နှစ်တိတိ ငယ်ရာ ၅၅ ပြည့်၍ ၅၆ သို့  ရောက်  ၇ှိတော့မည်  ဖြစ်ပါသည်။

              မြန်မာနိုင်ငံတွင် ရန်ကုန်မြို့တွင် စိးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် အခြေအနေ များ လုပ်ငန်းများ များပြားသလို ဒါန သီလ ဘာဝနာ တည်းဟူသော ဘာသာရေး လုပ်နိုင်ရန် ဓမ္မရိပ်သာ  တရားစခန်း တရား သင်တန်း များက လည်း ပေါလှပါဘိတောင်း။

              မဟာစည်၊  မိုးကုတ်၊ လယ်တီ၊ ဓမ္မဒူတ၊ သဒ္ဓမ္မရံသီ၊ ချမ်းမြေ့ရိပ်သာ၊ မိုးညှင်း၊  သဲအင်းဂူ၊  စွန်းလွန်း၊ မြေဇင်းတောရ၊ အပြည်ပြည်ဆိုင်ရာဓမ္မဇောတိ စသည်ဖြင့် ဓမ္မရိပ်သာတွေ များလှပါပြီ။

             အချို့က နေ့စဉ် နေ့တရားစခန်း ဖွင့်ကြသည် အချို့က ၃ ရက်မှ စကာ ၅ ရက် ၇ ရက် ၁၀ရက် ရက် ၃၀  ရက် ၆၀ စသည်ဖြင့် တရားလံ့လ ရှိသူ အဆင်ပြေမှုအလိုက် စခန်းစဉ်များ ဖွင့်ထားကြပါသည်။ ( အမှန်တကယ်တော့ ဤစခန်း များသည် “ဘ၀နေနည်း” ရက်တိုသင်တန်းမျှသာ။

                သံဃာတော်များ ၊ယောဂီအပြီးဝတ် ထားသူများ ၊ သီလ ရှင်ဆရာလေးများ  သီလရင်ဝတ်ထားသူများ အားလုံး၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ နိဗ္ဗာန်ရောက်ရေး( ၀ါ ) စိတ် ကို လျှော်ဖွတ်ရေးအတွက် လေ့ကျင့်ကြခြင်းပင် မဟုတ်ပါလော။

                ဗုဒ္ဓမြတ်စွာ၏ သာသနာဝယ်  ဗုဒ္ဓ ဘာသာ ကိုးကွယ်သူတို့သည် ငြိမ်းချမ်း လိုကြသည် ငြိမ်းချမ်းသော တရား ကို ရှာဖွေကြသည်။ ထိုသို့ ငြိမ်းချမ်းရာမှ မဟာသန္တိသုခ ဖြစ်တော်မူသော နိဗ္ဗာန်ရွှေပြည်မြတ် ကို ရလို ကြသည် ရောက် လိုကြသည်။

               အရှင်းဆုံးပြောရလျှင် ခန္ဓာ၏ ရရှိခြင်း မှ ပယ်ခွာကာ ခန္ဒာ နာမ်ရုပ် ပြန်လည် တည်ဆောက် ရရှိမသွားနိုင်ရန် ခန္ဓာကို ဥာဏ် ဖြင့် သုံးသပ် စီစဉ် ခြင်း ဖြစ်ပါသည်။

              ထို့အတွက် ပါဠိဘာသာ ဖြင့် ရှိသော ကျမ်းဂန်များမှ   ကောက်နှုတ်၍ အ၀ိဇ္ဇာ၊ သင်္ခါရ၊ လောဘ ဒေါသ မောဟ  စသည်တို့ကို ပယ်ခွာကာကာ လွတ်မြောက် ခြင်း ကို ရှာဖွေ လိုသူများ ၏ ရိပ်သာ တရားအဖွဲ့များ ကို တရားစခန်း ဟုခေါ်ကြပါသည်။

တရားစခန်းမှာ ( ၃ ) ရက်တာ။        တရားစခန်းကို ၃ ရက်မပြောနှင့် ၁ည ပင် သွားရောက်မအိပ်နိုင်သူများ ရှိပါသည်။ ထိုသူတို့သည် စွဲလမ်းခြင်း သမုဒယ ( တဏှာ ) ကိုမစွန့် လွတ်နိုင်ကြသူများပင်။

                    လူမှန် လျှင်  သေကြရမည် အခြားသော သတ္တ၀ါများ ဘာ်းသင်ကြရမည်။ သေသောအခါ မိမိ၏ ခန္ဓာသည် ဘာမျှတန်ဖိုးမရှိ   သော ငှက်ပျောတုံး လက်ပန်တုံးများသဖွယ်။ပစ်လိုက်ရသည်။

                မသေခင်ချစ် သေလျှင်ပစ် အနှစ်မပါ ဤခန္ဓာဟု လူပြောသူပြောများခဲ့ပါသည်။ ဤခန္ဓာ ၏အလိုကိုသာ လိုက်မည်ဆိုပါက၊ မိုးမဆုံး လေမဆုံး လိုက်ကြရမည်သာ။

                အခုတွင်ပင်မသေခင်က ကြိုးစားပြုလော့ တဲ့  သင့်မှာ အလှူဒါနတွေ များလှသည်  ရှေးကုသိုလ်က လည်းကောင်း  အခုဘ၀ က လည်းကောင်း ၍ နောင်သံသရာမှာတော့ ကောင်းသောစည်းစိမ် ဥစ္စာ ဘုံဘ၀ သို့ရောက်ရမည်မှာ မလွဲပါ။

             သို့သော် ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆ  တရားဓမ္မအယူအဆအရ  ဗုဒ္ဓဘာသာ ၀င်တို့၏ သွားရာလမ်း မှန်းရာ ခရီးသည် လူနတ်ချမ်းသာ မဟုတ် နိဗ္ဗာန် ဖြစ်သည်။  
   
           ဘုရားရှိခိုးသူများ တောင်းကြ ခြင်းမှာနိဗ္ဗာန်ဆု ဖြစ်ပါသည်။ သို့သော် ဆုတောင်း၍  အထောက်အပံ့ကောင်း သာ ဖြစ်နိုင်သည်။    တော့မရ  အထောက်အပံ့ကောင်း ဖြစ်ပါစေတဲ့။

             သို့သော် ဓမ္မစကြာတွင် လည်းကောင်း  အဘိဓမ္မာတွင် လည်းကောင်း   ၀ိသုဒ္ဓိမဂ် တွင် လည်းကောင်း  ပဋိသန္ဓေရခြင်း ကို ဆင်းရဲ ခြင်း ဟု ဘုရားကဟောပါသည်။ ပဋိသန္ဓေရခြင်းအား ချမ်းသာ ဟုမဟောခဲ့ပါ ။

              ဓမ္မစကြာတွင် ဇာတိပိဒုက္ခာ   မရဏံပိဒုက္ခော တဲ့   ဇာတိ ဖြစ်ခြင်းသည် လည်း ဆင်းရဲ၏ သေခြင်း လည်းဆင်းရဲ၏။ အဘန်ဘန် ပဋိသန္ဓေနေရ ခြင်းကို ဆင်းရဲ ခြင်းဟု ဟောပါသည်။

         ထို့အတူ အဘိဓမ္မာ  ( ထူးသောတရား .. ) တွင် လည်း  ပညတ်  နှင့်  ပရမတ် ကို  ခွဲခြား၍ ပေါ်လွင်အောင် ဖေါ်ပြ ထား   ခြင်း  ဖြစ်ပါသည်။အဘိဓမ္မာ သည် ပညတ် နှင့်ပရမတ် ကို ပြတ်သား ရှင်းလင်း သေချာစွာ ထင်ရှားသိမြင်စေရန် ခွဲခြားပြသပေသည်။( အဘိဓမ္မာ-သင်တန်း နိဒါန်း )

           ထင်ရှားသောပရမတ်သည် ပထ၀ီ  အာပေါ တေဇော ၀ါယော  ဟူသော ရုပ်ဓါတ်များပင် ဖြစ်သည်။ရုပ်ကလာပ် မှုံကလေးများ စုစည်းကာ ရုပ် ဟူ၍ ဖြစ်ပေါ်လာသည်။နာမည်ပညတ်၊ပုံစံပညတ် နှင့် ရုပ်ကလာပ်မှုံများသာ ရှိလေသည်။

            အနုမြူ=ပရမာနုမြူ၃၆ခု = ပရမာနုမြူ၁ = ရုပ်ကလာပ်မှုံ( ၁ ) ဖြစ်သည် အခြား မည်သည်မှ မရှိ ဟု ဘုရားဟောခဲ့ပါသည်။ ထိုရုပ်ကလာပ်မှုံများတွင်ပင် စိတ်စေတသိက် ရှိသည် ဖြစ်ရာ  ရုပ်ကလာပ်မှုံ့ နှင့် အသိဥာဏ် စိတ် တို့သည် ထင်ရှားရှိသော ပရမတ် ဖြစ်ပါသည်။

             ငါ၊သူ၊ လူ၊ ပုဂိုလ်၊ သတ္တ၀ါ၊ ယောင်္ကျား ၊ မိန်းမ ဟူသမျှသည် လည်း ပညတ် သာ ဖြစ်၍ ပရမတ် မဟုတ်ချေ  ထို့ကြောင့် နာမည် ပညတ် နှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် ဘေးဖြစ်အောင် လည်း နေ နိုင်သည်။   ဘေးလွတ်အောင် လည်း ကျင့်သုံးနိုင်သည်။

              နိဗ္ဗာန် သည် အကယ်စင်စစ် အေးငြိမ်းချမ်းသာခြင်း  အတိ ထင်ရှားဖြစ်သောကြောင့် ပရမတ် ထဲတွင် ပါဝင်၏ နိဗ္ဗာန်သည် ထင် ရှား ရှိ၍ ဖေါက်ပြန်ခြင်း မရှိပေ။ 

              ထို့အတွက် နိဗ္ဗာန် မဂ် ဖိုလ် ကိုတောင့်တ ကြရာဝယ်။ ဆုတောင်း၍ မရ  ကျင့်မှ ရမည်။    ကျင့်ရာဝယ် တစ်ချိန် လုံး အလုပ်မအားသောသူ  အချိန်မပေးသောသူ   လောဘ ဒေါသ မောဟ မာန် မာန က္ကုဿာ မစ္ဆရိယ စသည်ဖြင့် အတ္တ ၊ ကိလေသာအ၀ိဇ္ဖာ၊ တဏှာ ၊ ဒိဋ္ဌိ .. စသော သဘောရား များ ကို  ကိုယ်တိုင်တွေး နေ၍ မသိပါ ။ စာဖတ် ခြင်း ၊ တရားတော်များ နာကြားခြင်း ဖြင့်သာ အမှန် မြင်၍ ချမ်းသာ ရာ နိဗ္ဗာန် လမ်း သို့ ရောက် ကြရမည်ဖြစ်ပါ သည်။

               အဘိဓမ္မာတရား၏ အခြေခံ   ဓမ္မစကြာ ခေါ်ဗုဒ္ဓ၏ တရားဥိး ၏ အခြေခံက ပင် သည်ဘ၀တွင် ပင် ခန္ဓာ ကို ဆက်ဆုပ်ဖို့  မတွယ်တာဖို့  ဖြစ်ပျက်မြင် ဖို့၊ ဖြစ်ပျက် ဆုံး ဖို့၊ ဖြစ်ပျက် ချုပ် ဖို့၊ ဖေါ်ပြနေပါသည်။  ခန္ဓာ ကိုယ်  ကြီးသည်  ဘာတွေ နဲ့ ဖွဲစည်း ထားသလဲ  ခန္ဓာ ကို တွယ်တာ ဖို့ လား စွဲ လန်းဖို့ လား  လိုအပ်သလား  သိရှိသွားပေမည်။  

            သို့ဖြစ်ရာ  အဘိဓမ္မာ  နှင့် ၀ိသုဒ္ဓိမဂ် တရားများ ဖတ်၍  နားမလည်သေး သဘောမပေါက်သေး  ဘူးဆိုလျှင်  ဆရာတော် သံဃာတော် ဓမ္မကထိက များ ၏  ဟောတရား များ ကို နာကြား နိုင်သည်။  ဟောတရား များ ကို နာ ကြား၍ မှ သဘောမပေါက် သေး  လျှင် ဆရာ ရှာ ရမည်  တပည့် ခံ ကာ ရှင်းလင်းပြောကြားပေးမည့် ဆရာ လိုပေသည်။

              ထိုသို့ တပည့် ခံနိုင်ဖို့က ဘုန်းတော်ကြီး ကို မိမိ အိမ်ပင့်ရန်မလွယ်  မိမိက ကျောင်း ကန် များ သွားဖို့ လိုသည် ။ မိမိ နေအိမ်မှ ၁ ရက် ၂ ရက် ၃ ရက် တောင် စွန့်ဖယ် ခဏ မသွားရဲသူ ဆိုလျှင်တော့  သည်အခွင့်အရေး မရတော့ပြီ ။ အချိန်ကျ လျှင် ။ မည်သူမျှ မသေမည့်သူ   မနာမည့်သူ   မအိုမည့်သူ   ရောဂါမဖြစ်မည့်သူ  သေရာညောင်စောင်း မရောက် မည့်သူ မ၇ှိပေ။ 

             မအိုခင်  မနာခင် ကြိုးစား အားထုတ် ( လေ့ ကျင့် ) ထားမှ မိမိ အသက်အရွယ်ကြီးသော အခါ သေကာနီး အချိန်များတွင် မိမိ ကိုယ်ကို  ကောင်းရာသုဂတိ ရောက်ရန်သံသယ ကင်းကင်း  ယုံကြည်မှု ရှိမည်ပင်။ 
               မိမိ ကပင် မလွတ် မလပ်   မရှင်း မလင်း  ပူပန်စရာ အစုစု  သောက အစုစု ဖြင့် သာသေသွားမည်ဆိုပါက မိမိ လည်း မဖြောင့် ဖြူးမိမိ နောက်ပါများအတွက် လည်း  မိမိ ကသာ လမ်းမဖွင့်ပေး လျှင်  စိုးရိမ် သောက ကင်း နိုင် မည် မဟုတ်ပေ။ 
               ထို့အတွက်  ကျန်းမာပါလျက်   စီးပွား ဥစ္စာ ကောင်းပါလျက် ပူပင်သောက ဖြစ်စရာ မရှိပါပဲ  ကျောင်း တစ်ခေါက် ကျောင်း တစ်ခါ မသွားသူများ နှင့်တွေ့သော  သူဆုတောင်း နေ ရုံပဲလား ဘာလုပ်ဦးမှာလဲ မိမိက တွေးနေမိပါသည်။ သို့သော်  သူ့ဟာသူတော့ ငြိမ်းချမ်း နေမည် ဖြစ်ပါသည်။


              
             

  

Tuesday, November 20, 2012

မေတ္တာဆေးက သောက်စရာလား လိမ်းစရာလား( ၂ )

ဘူတာ = ဆိုတာ ခန္ဓာကိုယ် ပီပီပြင်ပြင် ထင်ထင်ရှား၇ှား ဖြစ်လာတာ။ သမ္ဘဝေသီကတော့ ကိုယ်အထည်မထင်ရှားသေးတာ ဒါကို လည်းမကျန်     အောင်မေတ္တာပို့တယ်။  
န ပရော ပရံ နိကုဗ္ဗေထ =လူအချင်းချင်း လှည့်ပတ် ခြင်းကင်းပါစေ၊
နာတိမညေထကတ္ထစိ န ကိဉ္စိ=အထင်သေးခြင်း အချင်းချင်းကင်းပါစေ
“ဗျာရောသနာ ပဋိဃသည၊နညမညဿ ဒုက္ခ မိစ္ဆေယျ”   စော်ကားတာ  မုန်းတီးတာ တဦးကိုတစ်ဦး ဒုက္ခဖြစ်မှု ကို မလိုလားပါနှင့် ။

မေတ္တာသုတ် ကိုရွတ်တဲ့အခါမှာ ဒီအဓိပ္ပါယ်လေးတွေ သိအောင် လုပ်ရမယ် ကိုယ်တိုင်ကျင့်ရမယ်။

 “မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ၊
ဧ၀မ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ” 

သားသမီးတယောက်တည်းထွန်းကား တဲ့ မိခင်ဟာ ထိုသားသမီးကို အသက်ပေး စောင့်ေ၇ှာက်သကဲ့သို့  “ မာနသံ ဘာဝယေ အပရိမာဏံ” အတိုင်းအတာ အကန့်အသတ် မရှိတဲ့ မေတ္တာ မျိုး ကို သတ္တ၀ါ အား လုံးအပေါ်မှာ ဖြစ်အောင် ထားပါ။

မေတ္တဉ္စ သဗ္ဗလောကသ္မိံ တစ်လောက လုံး အပေါ်မှာ  မိခင်မေတ္တာမျိုး ထား၊
ဥဒ္ဒံ = အထက်  အဓော =အောက် တိရိယ = အလယ်
အသမ္ဗာဓံ= ကျဉ်းမြောင်းသောစိတ်    အဝေရ = ရန်မရှိ   

တိဋ္ဌံ စရံ နိသိန္ဒော ၀၊ သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ
တိဋ္ဌံ= မတ်တပ်ရပ်နေတုံး စရံ = လမ်းလျှောက်နေ နိသိန္ဒော =ထိုင်နေ   သယာနော = လျောင်း နေ    အချိန် တိုင်း။
ဧတံ သတိံ အဓိဋ္ဌေယျ  = မေတ္တာသတိ ထားပါ။
ဗြဟ္မ ၀ိဟာရ = မြတ်သော နေ ခြင်း။   
ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ - မှားယွင်းတဲ့ အယူအဆတစ်ခု ကို မရောက်ပါစေနဲ့-အတ္တ ဒိဋ္ဌိ  ကို ပယ်ခွာ လိုက်ပါ။ ( သတ္တ၀ါဆိုတာ မရှိဘူး ဆိုတာ လက်ခံရမယ် သတ္တ၀ါ ရှိတယ် အတွေး ကို ဖျောက်  ငါမေတ္တာပို့နေ့ တဲ့ ပုဂ္ဂိုလ် က လည်း  ရုပ်နဲ့ နာမ် ၂ မျိုးသာ ရှိတယ်။  ပို့နေတဲ့ ပုဂ္ဂိုလ်က လည်း ရုပ်နဲ့ နာမ် ၂ မျိုး ပဲ ရှိတယ်။လို့ ဆိုလိုပါတယ်။
သီလ၀ါ = ကိုယ်ကျင့် သီလ  ရှိရမယ်။ သီလ ကြောင့် ပီတိ ဖြစ်
င်္ပတိ ကိုအကြောင်းပြု ပဿဓိ ကိုယ်စိတ်ငြိမ်းချမ်းတယ်။
“ ဒဿနေန သမ္ပန္နော ” = ၀ိပဿနာဥာဏ်အဆင့်ဆင့်တက်၍ နိဗ္ဗာန်
မြင်၊ ( သင်္ခါရ တရားတွေရဲ့ ချုပ်ငြိမ်းရာနိဗ္ဗာန် ကို မြင် ) -သောတာပန်ဖြစ်။
“ ကာမေသု ၀ိနေယျ ဂေဓံ ”  ကာမဂုဏ် အာရုံတွေမှာ တပ်မက်တဲ့ တဏှာ  ကို ဖယ်ရှားပါ။ ( အနာဂါမ်ဖြစ်တာ )   

“န ဟိ ဇာတု ဂ္ဂ ဗ္ဘသေယျ ပုန ရေတိ ” = ကာမဂုဏ် အာရုံတွေအပေါ်မှာ တပ်မက်မှု ကင်းသွားပြီးနောက်  ၀ိပဿနာ အရှိန် မြှင့် လိုက် လို့ ရှိရင်  ဘ၀ တစ်ခုမှာ နောက်ထပ် ဘယ်တော့မှ မိခင် ၀မ်းထဲ ရောက်တော့မှာ မဟုတ် ဘူး။ ( ရဟန္တာဖြစ်တာကိုပြော)
   


   
  

မေတ္တာဆေး က သောက်စရာ လား လိမ်းစရာ လား

တို့လူတွေက  သောက်ဆေး ကို လိမ်းဆေး လုပ်နေ ကြတယ် ”လုပ်နေကြတယ် ” ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူ ခဲ့ကြောင်း  ဆရာတော်  အရှင်နန္ဒမာလာ ဘိဝံသ  ၏ မေတ္တာသုတ် အနှစ်ချုပ် ” တရားတော်တွင်  ဖတ်နာကြား ရပါသည်။

မေတ္တာဆိုတဲ့  တရားဟာ ရွတ်ဖတ်ရမယ့်တရား မဟုတ်ဘူး။ပွားများရမယ့် တရား  ဖြစ်တယ် ။ မေတ္တာဟာ ကမ္မဋ္ဌာန်းပဲ။ များသော အားဖြင့် ၀ိပဿနာ တရား အား ထုတ်မှ ကမ္မဋ္ဌာန်း လို့ ယူဆနေကြတယ်။  မေတ္တာပို့နေတာဟာလည်း ကမ္မဋ္ဌာန်း ပဲပေါ့ သမထ ကမ္မဋ္ဌာန်း ထဲမှာ ပါတယ်။  ဒါကြောင့် မေတ္တာသုတ် နြ့ ပတ်သက် လာရင် ရွတ်ရမှာ သက်သက် မဟုတ်ဘူး။ နာရမှာ သက်သက် မဟုတ် လူး။ မေတ္တာသုတ် ကို နေ့စဉ် ရွတ်လို့ ရှိရင် အန္တရာယ်တွေ ကင်းတယ်။ နာရင် အန္တရာယ်တွေ ကင်း တယ် လို့ ဒီမေတ္တသုတ် ထဲမှာ ပြဆိုထား တဲ့ စကား တစ်လုံးမှ မပါဘူး။ သို့သော် အများက အဲဒီအတိုင်း ပဲ ယုံကြည်နေကြတယ်။ ” ဟု ဆရာတော်က မိန့်ကြားပါသည်။

မေတ္တာဟာ  ၁။ ကာယကံမေတ္တာ ( လမ်းသွားရင်း အမှိုက်သရိုက်ဆူးညှောင့် ဖယ်တာက အစ  ဒီလမ်းပေါ်သွားနေကြ တဲ့သူတွေ ခလုတ်မတိုက်မိကြပါစေနဲ့ ဆူး မစူးကြပါစေနဲ့  ဆိုပြီးဖယ်ယှားပေးတဲ့သဘော။  ၂။ ၀စီကံမေတ္တာ  ( တစ်ဦး နြ့ တစ်ဦး စကားပြော တဲ့ အခါ တကယ့် မေတ္တာ စိတ်ထား နဲ့ကောင်း တဲ့ စကား ကို ပြောမယ်။ မကောင်းတဲ့စကား  အတင်းစကား မပြောဘူး  ကောင်းကျိုးချမ်းသာ ကိုရစေတဲ့ အပြောမျိုး  အကြံကောင်း ဥာဏ်ကောင်းတွေ ပေးမယ် အဲဒါဝစီကံမေတ္တာ ။  ၃။ မနောကံ မေတ္တာ ဆိုတာ ကတော့  ( ဘာဝနာ အလုပ်အနေနဲ့ ပွားများ အား ထုတ်တာ  ။ )

မေတ္တာသုတ်ကို ရွတ်ဖတ် တဲ့ နေရာ မှာ  အဓိပ္ပါယ် နား လည်ပြီး ရွတ်ဖတ်ရမယ်။ အဲဒီအတိုင်း လိုက်နာ ကျင့် သုံးဖို့ လိုတယ်။တစ်ချို့ ရွတ်ဖတ်တယ်ဆိုတာ ရလို့ ရွတ်နေကြတာလေ စိတ်ထဲ နှလုံးထဲ မေတ္တာဓါတ် မကိန်း ဘူး ကိန်းဖို့က အင်မတန်မှ အရေးကြီးတယ်ပေါ့။ 

““ ကရဏီယ'မတ္ထကုသလေန၊  ယန္တသန္တံ  ပဒံ  အဘိသမေစ္စ”” 
ငြိမ်းအေးတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်တွေ ကို အာရုံပြုပြီး သို့မဟုတ် ငြိမ်းငြိမ်း ချမ်းချမ်း နဲ့ နေချင်ပြီဆိုရင် ထိုသူသည်  “ကရဏီယံ” သီလ သမာဓိ ပညာ နဲ့ ပြည့်စုံအောင် လုပ်ပါ ဟုဆိုပါတယ်။  ယန္တသန္တံ  ပဒံ  အဘိသမေစ္စ ” ဆိုတာ နိဗ္ဗာန် ကို ရည်ညွှန်း တာ ဖြစ်ပါတယ်။
“သက္ကော  ဥဇူစ  သုဟုဇူ  စ၊ သုဝစော  စဿ မုဒု အနတိမာနိ”
သက္ကော = စွမ်းနိုင်သူ ဖြစ်ရမယ်(ကျန်းမာ၊ယုံကြည်ချက်ရှိ၊၀ီရိယရှိ၊ပညာရှိ ရမည်။
ဥဇူစ= ဖြောင့်မတ်သူ ဖြစ်ရမည်။ သုဥဇူ အလွန်ဖြောင့်မတ်ရမည်။
သုဝစ= အကြံပေးသောအခါပြောဆို ဆုံးမ လွယ်ရမည်။
မုဒု=ယဉ်ကျေးသိမ်မွေ့မှု
အနတိမာနိ= မမောက်မာလွန်းရ ဘူး
သန္တုဿက = ရှိတာလေး နဲ့ ကျေနပ်မှု  ( ဇီဇာမကြောင်ရ ဆိုလို )
သုဘရော စ=မွေးမြူလွယ်ရမည်
အပ္ပကိစ္စ = အပိုအလုပ်တွေ၊
သလ္လဟုက၀ုတ္တိ= ပေါ့ပေါ့ ပါးပါး အသက်မွေးတယ်
သန္တိန္ဒြိယ=  က္ကုနြေ္ဒငြိမ် သက်ရမယ်။
နိပကော = အသိပညာ ရင့်ကျက် လာအောင် ကြိုးစားရမယ်။
သုတမယ-တရားနာတယ်။ စိန္တာမယ- တရားနြ့ပတ်သက်ပြီး ကြံစည်တွေးတောမှု၇ှိတယ်၊ဘာဝနာမယ-လက်တွေ့ကျင့်သုံးမှု။
“နစ ခုဒ္ဒ'  မာစရေ   ကိဉ္စိ၊ ယေန  ၀ိညူ ပရေ  ဥပ၀ဒေယျုံ ”
ပညာရှိ သူတော်ကောင်း ကဲ့ရဲ့မယ့်အလုပ်တွေမလုပ်နဲ့။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ”  
သဗ္ဗသတ္တာ= သတ္တ၀ါမှန်သမျှ ( ချွင်းချက်မရှိ ) 
“ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာ ၀ န၀သေသာ။
ဒီဃာ ၀ါ ယေ ၀ မဟန္တာ၊  မဇ္ဈိမာ  ရဿကာ  အဏုကထူလာ”
ယေ ကေစိ ပါဏ ဘူတတ္တိ=လောကကြီးရှိသမျှသတ္တ၀ါတွေ
တသ=ကြောက်တတ်(ပုထုဇဉ်၊သေက္ခ)  ထာဝရ = ခိုင်မြဲ
ဒီဃ=၇ှည် မဇ္ဈိမ =လတ်  ရသ= တို
အဏုကထူလာ=သေးဖွဲ့သိမ်မွေ့သော ကိုယ်။
ဒိဋ္ဌာ ၀ါ ယေ ၀ အဒိဋ္ဌာ၊ ယေ ၀ ဒူ ရေ  ၀သန္တိ အ၀ိဒူရေ”
မြင်အပ် မမြင်အပ်  နှစ်ရပ် များစွာ သတ္တ၀ါ
“ ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗ သတ္တာ ဘ၀န္တု သု ခိ တတ္ထာ ”    
ငြိမ်းအေးတဲ့ နိဗ္ဗ

တရားတစ်ပုဒ် နာကြားပြီးသော်

ပထမ တစ်ပုဒ်ရေး လိုက်ပါတယ်။ ပုဂ္ဂလိက ဆန် သွား တာမို့ ပြန် လည် ဖျက် ပစ် လိုက်တယ်။ ဥပမာ  သီလ ယူတယ်ဆိုရင်   သီလ စောင့်တော့မယ်ဆိုရင်  ငါးပါးလား    ရှစ်ပါးလား    ကိုးပါးလား ရည်ရွယ်ရမှာပေါ့ဗျာ။  ညစာမစားပဲမနေနိုင်  အိမ်ထောင်သည်မို့ ဆိုရင် ငါးပါးသီလ ပဲ လုံဖို့ကောင်း ပါတယ်။

                      တရားတစ်ပုဒ် နာကြားပြီ ဆိုကတည်းက    ဟောမည့်ပုဂ္ဂိုလ်    ဟောသည့်တရား    ရွေးချယ်ရပါတယ်။ ၀ိပဿနာ တရား မကြိုက်  တဲ့ သူဟာ တရား လည်း အားမထုတ် လိုပါ ဘူး    အားမထုတ် လို တဲ့အတွက်  ၀ိပဿနာ တရား မနာပါဘူး   နာတဲ့အခါမှာ လည်း    ၀ိပဿနာမှာ ပါတဲ့  စကားလုံးတွေရဲ့  အဓိပ္ပါယ် ကို အို တယ်.... ဆိုတာနဲ့   မင်္ဂလာမရှိလိုက်တာ     နာတယ်.... ကြက်သရေ မ၇ှိလိုက်တာ....သေတယ် ဆို  တာနဲ့   ဖတ် မပြောကောင်း မဆိုကောင်း   လွဲဟ  ဖယ်ဟ  ဆိုတာမျိုးပြောတော့မှာ။

                        တရားဟောပုဂ္ဂိုလ်က ဟောလိုက်တဲ့ တရားမှာ  မိမိ မသိတာ  မတတ်တာ  မလိမ္မာ တာ ဆုံးမ ဖို့ အပြင် သံသရာဝဋ်ဒုက္ခ က ကျွတ်ရာ လွတ်ရာ  နဲ့  ၀ိပဿနာ တရား ကျင့်ပုံကျင့်နည်းတွေ ပါမှာပါ။  သိပြီးရင် တော့ ကျင့်ဖို့ လိုပါတယ်။   တိတ်ခွေစီဒီ ဖွင့် ဆုံးသွားတော့ ခလုတ်ပိတ် ဘာမျှမကျန် တော့ ဘူးဆိုရင်  အဆင်ပြေမှာ မဟုတ်ပါ ဘူး။

                       ဘာယူသွားမလဲဗျာ။     ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုး   အသက် 50 ကျော်   ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း  ကုန်သွားပါပြီ   အချို့ တတိယ အရွယ် ရောက်နေ ပြီ  တစ်ချို့ ဆို တတိယ အရွယ်တို့  နေညိုချိန် တို့  ကို လက်သင့်မခံသေး တာတွေ လည်း တွေ့နေရပါတယ်။  ဘယ်သူ့အတွက်လဲ

                       ငါဘာလုပ်နေသလဲ   ဘယ်သူ့အတွက်လဲ      ဘယ်အတွက်လဲ  ဆိုတာကို အရင် ဆုံးဖြတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ဘယ်သူမှ  ငါ့ဘို့ ( ငို့ဘ ) သမားတော့ မဟုတ်ဘူး   မလုပ်တတ် မကိုင်တတ် လွဲ မှားနေသူရယ်။  တွေဝေ ပြီး အဆုံး အဖြတ်ရ ခက် နေသူရယ်။  လည်းရှိပါတယ်။

                      အချို့ အဆုံးအဖြတ် မပိုင်နိုင်သူတွေ ရှိတယ်  သူတို့က မပြောပါဘူး ဘေးကကြည့်မှ သိသာ တာပါ။  တစ်ချို့ အသက်အရွယ်က  တတိယ အရွယ် လွန် လာပြီ  စတုတ္ထအရွယ် ထဲမှာ ရောက်နေပြီ  အလုပ်လုပ်ချင်နေတုံးပဲ  စီးပွားရှာချင်နေတုံးပဲ   မာန တရား ထားချင်နေတုံးပဲ သားတွေ သမီးတွေ ကို နေရာမပေး အလှည့်မပေး နိုင်ကြသေး ဘူး။

                      မှန်ပါတယ်  ဆင်းရဲ လွန်းတယ်  တနေ့လုပ် တစ်နေ့စားတွေ ရှိတာပေါ့   အခုပြောတာက သည်လို မဟုတ်ပဲ နဲ့  အသက်ရျည်ရှည် ( ၁၀၀ မှာ ၁ယောက် ရှားပါတယ် ) ( ကျန်းကျန်းမာမာ  ၁၀၀ မှာ ၁၀ယောက်လောက် ရောဂါကင်းတာပါ  ) အဲသလိုမျိုးသူတွေဟာ

                       မိမိ တို့ လုပ်သင့် လုပ်ထိုက်တဲ့   ၀ိပဿနာ ဘာဝနာ တရား ထက်တော့ ဘယ်ဟာက ပို ငြိမ်းအေး မှာ လဲ?  စီးပွား လုပ်နေရင်   ဘယ်လို လုပ် ငြိမ်းအေးမှာ လဲ ?   ( အဲ တာ က အလေ့ အကျင့် မရှိတော့ ၀ိပဿနာ ဘာဝနာ တရား ရဲ့  ငြိမ်းအေးမှု  ကို မသိလို့ လည်းဖြစ်နိုင်တယ်။

သင်ကြရသူတွေ။         ။ ကျွန်တော့် ညီ  ကျွန်တော့် ခယ်မ  တွေက ဆရာဝန်တွေပေါ့။ သူတို့အနေနဲ့  သူတို့နေ့စဉ်ဘ၀ မှာ  လူမမာတွေ မျိုးစုံအောင်တွေ့ရတယ်  မွေးကင်းစကနေ  သက်ကြီးရွယ်အိုတွေ နေ့စဉ် အိုနာ  သေ နဲ့ တေါ့ရတယ်။ မဆန်းတော့ ဘူး ဆိုပေတဲ့ သံဝေဂ ရတယ်။

                     ဒါကြောင့် လည်း အသက် ၅၀ အရွယ်မှာ  အဘိဓမ္မာ   ၀ိသုဒ္ဓိမဂ်    ဋီကာကျော်   စတာတွေ ကို သင်ယူ ပြီး ကြပြီ  သင်ယူတော့ လည်း  ဘာသွားတွေ့ လဲ ဆိုတော့  ပညတ်  နဲ့  ပရမတ် ကိုတွေ့ပါတယ်။ အဘိဓမ္မာသည် ပညတ် နှင့် ပရမတ် ကို ပြတ်သားရှင်း လင်း သေချာစွာ ထင်ရှားသိမြင်စေရန် ခွဲခြားပြသပေသည်”  လို့ ဆိုတယ်မဟုတ်လား

                     ပညတ် ဖြစ်တဲ့ အပေါ်ရံ ရဲ့ ပိုင်ဆိုင် ပတ်သက်မှု     မရှိတာအရှိထင်မှု   မပိုင်တာ အပိုင် ထင်မှု   မစွဲသင့်တာ စွဲလန်းနေမှုတွေ ဟာ    ရုပ် နာမ် ဓမ္မ သင်္ခါရ တွေ အပေါ်   ငါ။  သူ။  လူ။  ပုဂ္ဂိုလ်။ သတ္တ၀ါ  ယောင်္ကျား ။ မိန်းမ  ထင်မှတ် မှား ရာ က စတယ် ဆိုတာ  မသိ လို့ပါပဲ။

                    ဘယ်သူမှ   ဘယ်အရာ ကိုမှ  ထာဝရ မပိုင်ပါ ဘူး   မပတ်သက်ပါဘူး   ခဏ ကလေးပါ။  အဲသည်  ကို သိတဲ့ အချိန် သိတဲ့ အခိုက် သိတဲ့ တစ်ခဏမှာပဲ     ( လော  ဒေါ  မော  ) ကိလေသာတွေ   မရှိတော့ ဘူး လို့အဘိဓမ္မာက ဆိုပါတယ်။

                   တရားတစ်ပုဒ် ကို နာကြား ပြီးနောက် ထိုတရား အတိုင်း ( ၀ါ) ဟောသည့်အတိုင်း မကျင် လို လျှင် မလေ့လာ မဆည်း ပူး လိုလျှင် ( ၀ါ ) မကျင့်ဆောင် လျှင် ထိုတရား ကို နာရသည်မှာ အကျိုး မရှိ အချည်းနှီး ဖြစ်တော့သည်။   မိမိသည် ငါးပါးသီလ ကို လုံခြုံ၏    ၈ပါးသီလ ဖြစ်သော ၀ိကာလ ဘောဇနာ  (နေ့လွဲညစာ စားခြင်း ) အဗြဟ္မစရိယာ ( မမြတ်သော အကျင့် မကျင့် ခြင်း - အိမ်ထောင်သည် လည်းမဟုတ် ငယ်ရွယ်သူလည်း မဟုတ်ဆိုလျှင် ကျင့်နိုင်ရမည် )။ ပွဲလမ်းသဘင် ကြည့်ခြင်း  တီးမှုတ်ကခုန်ခြင်း   ကိုယ် ရုပ် ပြုပြင် အလှဆင် လိမ်းခြယ် နံ့သာ ခြယ် ခြင်း  ( နစ္စဂီတ........ )ဆိုသည်များက  ထိန်းနိုင် လျှင် နေ့စဉ် ဥပုသ် စောင့်နေ ခြင်း ဖြစ်ပါသည်။

                    ထို့ပြင် မေတ္တာသဟဂတေန စေတဿာ သဗ္ဗပါဏ ဘူတေသု..... အစရှိသော မေတ္တာ ဖြင့် ယှဉ်သောစိတ် ဖြင့်နေ ခြင်းက လည်း မဖြစ်စရာ မနေနိုင်စရာ မ၇ျိပါ။ 

                   မေတ္တာကြောင့်ပင် သေခြင်း ကင်းသော နိဗ္ဗာန်သို့ရောက်သွား နိုင်သည် ဟု  ဆုံးမ ကြ ပါသည်။ ထိုမေတ္တာ အကြောင်းကို  လေ့လာတင်ပြပါဦးမည်။

Sunday, November 13, 2011

ငါလည်းတစ်နေ့

မနကိပ်ယာထ အက်ဖက်အမ် တရား တစ်ပုဒ်နာရပါတယ်။ ဆရာတော် ဦးကောဝိဒ ရဲ့  တရား တစ်ပုဒ်နာရပါတယ်။  “ ငါလည်း တစ်နေ့ ” တဲ့

သည်တရားမျိုးက နောင်တ ရစေတဲ့ တရားမျိုးပါ   နောင်တ ဆိုတာ အရစောလေ ကောင်းလေ ပါပဲ  နောင်တရ နောက်ကျလေ သိပ်မကောင်းလေ  ဆိုတာ ကိုယ်တွေ့ လို့ပြောနိုင်ပါတယ်။။


တရားစခန်းဝင်တယ်  ဆိုတာကို  မိမိတို့ မိတ်ဆွေ  မြောက်ဥက္ကလာက တရုတ် အဘိုးကြီး တယောက်က အနားယူတာတဲ့။
နောက်ထပ် မြောက်ဥက္ကလာက လင်မယား နှစ်ယောက်ကတော့ တရားစခန်းဝင်ဖို့ လက်ဝတ်ရတနာ လုပ်သွားရတယ်တဲ့  နို့မို့ဆိုရင် နေရာကောင်း မရလို့တဲ့ 
အဲသည် နှစ်ဦး ပြောစကားတွေ ကို နားထောင်ကြည့်ခြင်းဖြင့်  ပြောသူ ၂ဥိးစလုံးဟာ  တ၇ားစခန်း မ၀င်ဖူးဘူး ဆိုတာ ထင်ရှားပါတယ်။

တရားစခန်းဆိုတာ အနားယူတဲ့နေရာ မဟုတ်ဖူး  တရားတနေ့ ဘယ်နှစ်ကြိမ် ထိုင်ရတယ် စင်္ကြန်လျှောက်ရတယ် တရားမှတ်ရတယ် ထမင်းစားတာ ရေချိုးတာ အချိန်နဲ့ လုပ်ရတယ်ဆိုတာလောက်မှ မသိပဲပြောတာ ဖြစ်ပါတယ်။

နောက်ထပ်လင်မယားနှစ်ယောက်ကတော့ လည်း တရားစခန်း မ၀င်ဖူးပါဘူး။ သူတို့ ၀င်ဖူးတဲ့ စခန်းက  ရတနာတွေ ရွှေတွေ  စိန်တွေ  ၀တ်လို့ ရတယ်ဆိုရင်  တရားစခန်းတော့ မဟုတ်လောက်ဖူး ကလပ် ဒါမှမဟုတ် ဖဲဝိုင်းပဲ ဖြစ်ရမယ်လို့ ကျွန်တော်က ပြောမိပါတယ် ဒါရိုင်းတာ မဟုတ်ပါဘူး  နေရာမှားနေတာပါ တစ်ချို့က ဖဲဝိုင်းသွားပြီး  တရားစခန်းသွား တယ်လို့ ပြောပါတယ်။ ကျွန်တော် အတော် အသည်းနာပါတယ်။ တရားစခန်းမှာ ရွှေဝတ်ရတဲ့ တရားစခန်းများ  တွေ့ဖူးရင် ပြောပြကြပါခင်ဗျား။

တစ်ချို့လူတွေဟာ အလွန် ပြောင်လိမ် ပြောင်စား ဖြစ်ပါတယ်။  မိမိတို့ မပြောသင့်တဲ့သူ  မပြောသင့်တဲ့စကား မပြောသင့် တဲ့အကြောင်းအရာ တွေကို ပြောကြပါတယ်။  ကျွန်တော်နဲ့ အလွန် နီးစပ်သူ တစ်ဥိးဟာ စိတ်သဘော အလွန်ကောင်းပါတယ် သူ့စိတ်ကိုလည်း အလွန်ရိုးရှင်းစွာ ထားတတ်ပါတယ်။ သူ့ကို လူတစ်ချို့က လာပြောရင် မှတ်ထားတတ်ပါတယ်။  ကျွန်တော်က တစ်ခါမှာ  တရားထိုင်တဲ့ကိစ္စ တရားစခန်းဝင်တဲ့ ကိစ္စ ပြောမိပါတယ်။   အဲသလိုပြောတော့ ခုန  ကျွန်တော်နဲ့ နီးစပ်သူ ဆိုတဲ့ သူက  “ အဲ တစ်ချို့တရားစခန်းတွေ မှာ ရွှေတွေ ငွေတွေ ကျောက်တွေ အစိမ်း တွေ  အနီတွေ ပြိုင်ကြ ၀တ်ကြရတယ်တဲ့ ”  “ ------   ”     က ပြောသွားတယ်တဲ့---
သည်စကားကိုကြားရတော့ ကျွန်တော် အလွန်ပဲ  စိတ်မကောင်း ဖြစ်မိပါတယ်။   အံ့သြတုံလှုပ်မှုလည်း ဖြစ်ပါတယ်။  
  ကျွန်တော်က ပြောမိပါတယ်။  အဲသည်လူ တရားစခန်း ၀င်ဖူးလား
ကျွန်တော်နဲ့ နီးစပ်သူကလည်း ထပ်ပြောပါတယ်“ သူတို့က တရားစခန်းတွေ သွားနေတာ”
ဘယ်တရားစခန်းတဲ့လဲ     သူ့ထံမှ အသံမထွက်ပါ ပြီးတော့ မှ  ““ မသိဘူး ””
မဟုတ်ဘူးလေ     မိုးကုတ်  မဟာစည်  လယ်တီ သဲအင်းဂူ စွန်းလွန်း မြေဇင်း ဓမ္မဒူတ --  အစရှိသည် ကျောင်းအမည်ဆရာတော် အမည်တော့ မပြောပါနဲ့    ဘယ်မှာ ၀င်ဖူးလို့လဲ
ဆိုတော့လည်း ကျွန်တော်နှင့် နီးစပ်သူမှာ    တရားစခန်း အမည်တောင်မှ  
သေသေချာချာ  ရေရေ ရာရာ မပြောနိုင်ပါ။
မိုးကုတ်ဆရာတော်များ ဟောကြားသော““ သူတစ်ပါး ပါးစပ်မှာ  လမ်းဆုံး နေ ”” ဆိုတာမျိုးပါ။

တရားစခန်းကို   တရားထိုင် တရားနာ  ကို  သေမလောက်ကြောက်နေတဲ့ သူတွေ  ရှိပါတယ်။
တကယ်တမ်း  တရားထိုင်တယ်  တရားနာတယ်  တရားရှုမှတ်တယ်  ဆိုတာ  ( ထိုင်ကြည့်  နာကြည့် ဖူးသူတိုင်း )  ( ထိုင်ကြည့် နာကြည့်ဖူး လို့  မကောင်းဖူး   မကြိုက်ဖူး    ဆိုရင် လက်ခံ လိုက်ပါ )သိကြ တာကြောင့်   အရင်ဆုံး   တရားမထိုင်မီ  စာ တစ်အုပ်လောက်ဖတ် ကြည့်ပါ။   ဖတ်ကြည့်ဖို့ ဆိုတာကလည်း  အခမဲ့  ဓမ္မ ဒါန  ကို ရတတ်တဲ့  ဆရာတော်  အရှင်သိရိန္ဒာဘိဝံသ   အရှင်ဆေကိန္ဒ  အရှင်ဆန္ဒာဓိက  အစရှိ စာလည်းရေး  တရားဓမ္မလည်း ဟောတဲ့ ဆရာတော်များ စာအုပ်ကိုဖတ်ပါ   ဘွဲနာမည်တပ်ပြောတာတော့ မဟုတ်ပါ အချို့စာအုပ်က  ရှာမှ ၀ယ်မှ ရမှာ  အချို့က အလှူမှာ  အသုဘ မှာ လှူတဲ့ ဝေတဲ့အတွက်  အခမဲ့ ရနိုင်ပြီး ဘုရားစင်ပေါ်တင်ထား ခံရတဲ့ စာအုပ်ငယ်လေးတွေ ကိုဖတ်ပါ။

မိုးကုတ်ဆရာတော်ကြီး တရားနာရတဲ့အခါ  ငါသည်မုချ သေရမည်  အချိန်ပိုင်းသာ လိုတော့သည် အသေမဦးခင် ဥာဏ်ဦး အောင် ကြိုးစားပါတော့မည် လို့ စကြားရတယ်။
သေရမှာကို   ကြောက်တဲ့သူတွေကတော့   ခန္ဓာကြီး   မသာကြီး  ကိုယ်ကောင် အပုပ်ကြီး   ဖြစ်ပျက်  တစ်ချိန်လုံးပျက်  တစ်ချိန်လုံး သေ နေ  ဆိုတဲ့ ဝေါဟာရတွေ ကြားတဲ့အခါ  ။““ အိုနာသေ သို့ မောင်းနှင်ပို့ လူတို့ မမြဲပါတကား ”“ ဆိုတဲ့ စကားကိုလည်း မကြားနိုင်ပါ
  မကြားလိုပါ  မကြားဝံ့  မနာသာ ဆိုတာ ဒါမျိုး ထင်တယ်။
ဟုတ်တယ်  မကြားလည်း မကြား ၀ံ့ ဘူး   မနာ လည်း  မနာသာ  ဘူး
ခန္ဒာရဲ့ အနိစ္စ  အပျက်  ကို  ရှုတယ်  ဆိုတာ  မမြင်သေးခင် တစ်ခဏ  ကို ရှုရတာပါ 
ခန္ဓာရဲ့  အနိစ္စ  အပျက် ကို  မြင်တဲ့အခါ  မြင်ပြီးတဲ့ အခါ မှာ  တော့  သိပြီး ဖြစ်တဲ့ အတွက်  ရှုစရာ မလိုတော့ပါဘူး   သတ္တဗေဒ  ပညာသင်တဲ့အခါ မှာ  ဇီဝရုပ် ဖြစ်ပျက်ခြင်းကို သင်ရမှာပါ  metabolism  လို့ ခေါ်တယ်။   နောက်တစ်ခါ  ရုပ်ရှင်ပြတဲ့ ဖလင်ကွက်များ နဲ့ တူတယ်။    တစ်ဆက်တည်း ဖြစ်နေလို့သာ    ဆက်တိုက် မြင်နေရပေတဲ့   ဖလင်ကွက်များဟာ တစ်ပွက်စီပါပဲ။
ဇီဝရုပ်ဖြစ်ပျက်ခြင်းဟာလည်း  အစဉ်အမြဲ ပျက်နေ တာပါပဲ  အပျက်ကနည်းပြီး အဖြစ်က များနေလို့သာ
သည်ကိုယ်ကောင်ကြီးက ဖြစ်ထွန်းနေတာပါ။  အပျက်ကများပြီး အဖြစ်က နည်း လာချိန်ကျတော့
ပျက်တယ်  ဆိုတဲ့ သေဆုံးခြင်း ဖြစ်ရတာပေါ့လေ။

Thursday, November 10, 2011

မောဟ အကြောင်း

မောဟ ၂ မျိုး   
      မသိတတ်ခြင်းသဘောသည်  မောဟတည်း။ ထို့ကြောင့် မသိတတ်ဘိ-မောဟသိလော့ ” ဟုဆိုခဲ့သည်။ ထိုမောဟသည် အနုသယ မောဟ  ပရိယုဌာနမောဟ ဟု ၂ မျိုးရှိ၏။ အနုသယ ဟူသောပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပါယ်ရှိ၏ ပရိယုဌာန -ဟူသောပါဠိကား ထကြွခြင်းဟုအဓိပ္ပါယ်ရ၏ ထို့ကြောင့် သတ္တ၀ါတို့၏ သန္တာန် တွင် အစဉ်လိုက်ပါနေသော မောဟသည် အနုသယ မောဟမည်၏။ တစ်ရံတစ်ခါ စိတ်နှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဌာန မောဟ မည်၏
အနုသယမောဟ။    ။ အဆိပ်ပင်၌အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိပါရှိသကဲ့သို့ ထို့အတူ သတ္တ၀ါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟုခေါ်၏ ဤအနုသယ မောဟ၏ ဖုံးကွယ်ထားမှုကြောင့် ပုထုဇဉ်တို့သည် အနိစ္စဒုက္ခ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ ပဋိစ္စသမုပ္ပာဒ် ကိုလည်း တပ်တပ်ထင်ထင်မသိမြင်ကြချေ။