မောဟ ၂ မျိုး
မသိတတ်ခြင်းသဘောသည် မောဟတည်း။ ထို့ကြောင့် မသိတတ်ဘိ-မောဟသိလော့ ” ဟုဆိုခဲ့သည်။ ထိုမောဟသည် အနုသယ မောဟ ပရိယုဌာနမောဟ ဟု ၂ မျိုးရှိ၏။ အနုသယ ဟူသောပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပါယ်ရှိ၏ ပရိယုဌာန -ဟူသောပါဠိကား ထကြွခြင်းဟုအဓိပ္ပါယ်ရ၏ ထို့ကြောင့် သတ္တ၀ါတို့၏ သန္တာန် တွင် အစဉ်လိုက်ပါနေသော မောဟသည် အနုသယ မောဟမည်၏။ တစ်ရံတစ်ခါ စိတ်နှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဌာန မောဟ မည်၏
အနုသယမောဟ။ ။ အဆိပ်ပင်၌အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိပါရှိသကဲ့သို့ ထို့အတူ သတ္တ၀ါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟုခေါ်၏ ဤအနုသယ မောဟ၏ ဖုံးကွယ်ထားမှုကြောင့် ပုထုဇဉ်တို့သည် အနိစ္စဒုက္ခ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ ပဋိစ္စသမုပ္ပာဒ် ကိုလည်း တပ်တပ်ထင်ထင်မသိမြင်ကြချေ။
တရားစခန်းအကြောင်း တရားစခန်း အတွေ့အကြုံ အကြောင်း နဲ့ တရားစခန်းဝင်တဲ့အကြောင်းကလေး တွေ ပြောပေးပါ
ReplyDelete