မနကိပ်ယာထ အက်ဖက်အမ် တရား တစ်ပုဒ်နာရပါတယ်။ ဆရာတော် ဦးကောဝိဒ ရဲ့ တရား တစ်ပုဒ်နာရပါတယ်။ “ ငါလည်း တစ်နေ့ ” တဲ့
သည်တရားမျိုးက နောင်တ ရစေတဲ့ တရားမျိုးပါ နောင်တ ဆိုတာ အရစောလေ ကောင်းလေ ပါပဲ နောင်တရ နောက်ကျလေ သိပ်မကောင်းလေ ဆိုတာ ကိုယ်တွေ့ လို့ပြောနိုင်ပါတယ်။။
တရားစခန်းဝင်တယ် ဆိုတာကို မိမိတို့ မိတ်ဆွေ မြောက်ဥက္ကလာက တရုတ် အဘိုးကြီး တယောက်က အနားယူတာတဲ့။
နောက်ထပ် မြောက်ဥက္ကလာက လင်မယား နှစ်ယောက်ကတော့ တရားစခန်းဝင်ဖို့ လက်ဝတ်ရတနာ လုပ်သွားရတယ်တဲ့ နို့မို့ဆိုရင် နေရာကောင်း မရလို့တဲ့
အဲသည် နှစ်ဦး ပြောစကားတွေ ကို နားထောင်ကြည့်ခြင်းဖြင့် ပြောသူ ၂ဥိးစလုံးဟာ တ၇ားစခန်း မ၀င်ဖူးဘူး ဆိုတာ ထင်ရှားပါတယ်။
တရားစခန်းဆိုတာ အနားယူတဲ့နေရာ မဟုတ်ဖူး တရားတနေ့ ဘယ်နှစ်ကြိမ် ထိုင်ရတယ် စင်္ကြန်လျှောက်ရတယ် တရားမှတ်ရတယ် ထမင်းစားတာ ရေချိုးတာ အချိန်နဲ့ လုပ်ရတယ်ဆိုတာလောက်မှ မသိပဲပြောတာ ဖြစ်ပါတယ်။
နောက်ထပ်လင်မယားနှစ်ယောက်ကတော့ လည်း တရားစခန်း မ၀င်ဖူးပါဘူး။ သူတို့ ၀င်ဖူးတဲ့ စခန်းက ရတနာတွေ ရွှေတွေ စိန်တွေ ၀တ်လို့ ရတယ်ဆိုရင် တရားစခန်းတော့ မဟုတ်လောက်ဖူး ကလပ် ဒါမှမဟုတ် ဖဲဝိုင်းပဲ ဖြစ်ရမယ်လို့ ကျွန်တော်က ပြောမိပါတယ် ဒါရိုင်းတာ မဟုတ်ပါဘူး နေရာမှားနေတာပါ တစ်ချို့က ဖဲဝိုင်းသွားပြီး တရားစခန်းသွား တယ်လို့ ပြောပါတယ်။ ကျွန်တော် အတော် အသည်းနာပါတယ်။ တရားစခန်းမှာ ရွှေဝတ်ရတဲ့ တရားစခန်းများ တွေ့ဖူးရင် ပြောပြကြပါခင်ဗျား။
တစ်ချို့လူတွေဟာ အလွန် ပြောင်လိမ် ပြောင်စား ဖြစ်ပါတယ်။ မိမိတို့ မပြောသင့်တဲ့သူ မပြောသင့်တဲ့စကား မပြောသင့် တဲ့အကြောင်းအရာ တွေကို ပြောကြပါတယ်။ ကျွန်တော်နဲ့ အလွန် နီးစပ်သူ တစ်ဥိးဟာ စိတ်သဘော အလွန်ကောင်းပါတယ် သူ့စိတ်ကိုလည်း အလွန်ရိုးရှင်းစွာ ထားတတ်ပါတယ်။ သူ့ကို လူတစ်ချို့က လာပြောရင် မှတ်ထားတတ်ပါတယ်။ ကျွန်တော်က တစ်ခါမှာ တရားထိုင်တဲ့ကိစ္စ တရားစခန်းဝင်တဲ့ ကိစ္စ ပြောမိပါတယ်။ အဲသလိုပြောတော့ ခုန ကျွန်တော်နဲ့ နီးစပ်သူ ဆိုတဲ့ သူက “ အဲ တစ်ချို့တရားစခန်းတွေ မှာ ရွှေတွေ ငွေတွေ ကျောက်တွေ အစိမ်း တွေ အနီတွေ ပြိုင်ကြ ၀တ်ကြရတယ်တဲ့ ” “ ------ ” က ပြောသွားတယ်တဲ့---
သည်စကားကိုကြားရတော့ ကျွန်တော် အလွန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ အံ့သြတုံလှုပ်မှုလည်း ဖြစ်ပါတယ်။
ကျွန်တော်က ပြောမိပါတယ်။ အဲသည်လူ တရားစခန်း ၀င်ဖူးလား
ကျွန်တော်နဲ့ နီးစပ်သူကလည်း ထပ်ပြောပါတယ်“ သူတို့က တရားစခန်းတွေ သွားနေတာ”
ဘယ်တရားစခန်းတဲ့လဲ သူ့ထံမှ အသံမထွက်ပါ ပြီးတော့ မှ ““ မသိဘူး ””
မဟုတ်ဘူးလေ မိုးကုတ် မဟာစည် လယ်တီ သဲအင်းဂူ စွန်းလွန်း မြေဇင်း ဓမ္မဒူတ -- အစရှိသည် ကျောင်းအမည်ဆရာတော် အမည်တော့ မပြောပါနဲ့ ဘယ်မှာ ၀င်ဖူးလို့လဲ
ဆိုတော့လည်း ကျွန်တော်နှင့် နီးစပ်သူမှာ တရားစခန်း အမည်တောင်မှ
သေသေချာချာ ရေရေ ရာရာ မပြောနိုင်ပါ။
မိုးကုတ်ဆရာတော်များ ဟောကြားသော““ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး နေ ”” ဆိုတာမျိုးပါ။
တရားစခန်းကို တရားထိုင် တရားနာ ကို သေမလောက်ကြောက်နေတဲ့ သူတွေ ရှိပါတယ်။
တကယ်တမ်း တရားထိုင်တယ် တရားနာတယ် တရားရှုမှတ်တယ် ဆိုတာ ( ထိုင်ကြည့် နာကြည့် ဖူးသူတိုင်း ) ( ထိုင်ကြည့် နာကြည့်ဖူး လို့ မကောင်းဖူး မကြိုက်ဖူး ဆိုရင် လက်ခံ လိုက်ပါ )သိကြ တာကြောင့် အရင်ဆုံး တရားမထိုင်မီ စာ တစ်အုပ်လောက်ဖတ် ကြည့်ပါ။ ဖတ်ကြည့်ဖို့ ဆိုတာကလည်း အခမဲ့ ဓမ္မ ဒါန ကို ရတတ်တဲ့ ဆရာတော် အရှင်သိရိန္ဒာဘိဝံသ အရှင်ဆေကိန္ဒ အရှင်ဆန္ဒာဓိက အစရှိ စာလည်းရေး တရားဓမ္မလည်း ဟောတဲ့ ဆရာတော်များ စာအုပ်ကိုဖတ်ပါ ဘွဲနာမည်တပ်ပြောတာတော့ မဟုတ်ပါ အချို့စာအုပ်က ရှာမှ ၀ယ်မှ ရမှာ အချို့က အလှူမှာ အသုဘ မှာ လှူတဲ့ ဝေတဲ့အတွက် အခမဲ့ ရနိုင်ပြီး ဘုရားစင်ပေါ်တင်ထား ခံရတဲ့ စာအုပ်ငယ်လေးတွေ ကိုဖတ်ပါ။
မိုးကုတ်ဆရာတော်ကြီး တရားနာရတဲ့အခါ ငါသည်မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည် အသေမဦးခင် ဥာဏ်ဦး အောင် ကြိုးစားပါတော့မည် လို့ စကြားရတယ်။
သေရမှာကို ကြောက်တဲ့သူတွေကတော့ ခန္ဓာကြီး မသာကြီး ကိုယ်ကောင် အပုပ်ကြီး ဖြစ်ပျက် တစ်ချိန်လုံးပျက် တစ်ချိန်လုံး သေ နေ ဆိုတဲ့ ဝေါဟာရတွေ ကြားတဲ့အခါ ။““ အိုနာသေ သို့ မောင်းနှင်ပို့ လူတို့ မမြဲပါတကား ”“ ဆိုတဲ့ စကားကိုလည်း မကြားနိုင်ပါ
မကြားလိုပါ မကြားဝံ့ မနာသာ ဆိုတာ ဒါမျိုး ထင်တယ်။
ဟုတ်တယ် မကြားလည်း မကြား ၀ံ့ ဘူး မနာ လည်း မနာသာ ဘူး
ခန္ဒာရဲ့ အနိစ္စ အပျက် ကို ရှုတယ် ဆိုတာ မမြင်သေးခင် တစ်ခဏ ကို ရှုရတာပါ
ခန္ဓာရဲ့ အနိစ္စ အပျက် ကို မြင်တဲ့အခါ မြင်ပြီးတဲ့ အခါ မှာ တော့ သိပြီး ဖြစ်တဲ့ အတွက် ရှုစရာ မလိုတော့ပါဘူး သတ္တဗေဒ ပညာသင်တဲ့အခါ မှာ ဇီဝရုပ် ဖြစ်ပျက်ခြင်းကို သင်ရမှာပါ metabolism လို့ ခေါ်တယ်။ နောက်တစ်ခါ ရုပ်ရှင်ပြတဲ့ ဖလင်ကွက်များ နဲ့ တူတယ်။ တစ်ဆက်တည်း ဖြစ်နေလို့သာ ဆက်တိုက် မြင်နေရပေတဲ့ ဖလင်ကွက်များဟာ တစ်ပွက်စီပါပဲ။
ဇီဝရုပ်ဖြစ်ပျက်ခြင်းဟာလည်း အစဉ်အမြဲ ပျက်နေ တာပါပဲ အပျက်ကနည်းပြီး အဖြစ်က များနေလို့သာ
သည်ကိုယ်ကောင်ကြီးက ဖြစ်ထွန်းနေတာပါ။ အပျက်ကများပြီး အဖြစ်က နည်း လာချိန်ကျတော့
ပျက်တယ် ဆိုတဲ့ သေဆုံးခြင်း ဖြစ်ရတာပေါ့လေ။
Sunday, November 13, 2011
Thursday, November 10, 2011
မောဟ အကြောင်း
မောဟ ၂ မျိုး
မသိတတ်ခြင်းသဘောသည် မောဟတည်း။ ထို့ကြောင့် မသိတတ်ဘိ-မောဟသိလော့ ” ဟုဆိုခဲ့သည်။ ထိုမောဟသည် အနုသယ မောဟ ပရိယုဌာနမောဟ ဟု ၂ မျိုးရှိ၏။ အနုသယ ဟူသောပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပါယ်ရှိ၏ ပရိယုဌာန -ဟူသောပါဠိကား ထကြွခြင်းဟုအဓိပ္ပါယ်ရ၏ ထို့ကြောင့် သတ္တ၀ါတို့၏ သန္တာန် တွင် အစဉ်လိုက်ပါနေသော မောဟသည် အနုသယ မောဟမည်၏။ တစ်ရံတစ်ခါ စိတ်နှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဌာန မောဟ မည်၏
အနုသယမောဟ။ ။ အဆိပ်ပင်၌အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိပါရှိသကဲ့သို့ ထို့အတူ သတ္တ၀ါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟုခေါ်၏ ဤအနုသယ မောဟ၏ ဖုံးကွယ်ထားမှုကြောင့် ပုထုဇဉ်တို့သည် အနိစ္စဒုက္ခ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ ပဋိစ္စသမုပ္ပာဒ် ကိုလည်း တပ်တပ်ထင်ထင်မသိမြင်ကြချေ။
Wednesday, November 9, 2011
ဝိပဿနာအလုပ် အားထုတ်တယ်။ အရှင်ဆေကိန္ဒ
ဝိပဿနာအလုပ် အားထုတ်တယ် ဆိုတာ တစ်ကယ်တမ်း ကျတော့ ကိုယ်ချမ်းသာအောင် စိတ်ချမ်းသာအောင်နေပြီးတော့ အားထုတ် ရတာ မျိုးပါ။
ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ အားထုတ်မှလည်း ၀ိပဿနာဥာဏ် ဆိုတာ ဖြစ်လာတာ ဖြစ်နိုင်တာပါ ၀ိပဿနာတရား အားထုတ်ရာ မှာ ဘုရားရှင်ရဲ့ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တရားပေါင်း များစွာမှာ အားထုတ်နည်းပေါင်း များစွာရှိကြပါတယ်။
အဓိကအားဖြင့်ကတော့ ဗောဓိပက္ခယတရား ဆိုတဲ့မဂ်ဥာဏ် ဖိုလ်ဥာဏ်ရဲ့ အသင်းအပင်းတွေ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရကြောင်း တရားတွေ သုံးဆယ့်ခုနစ်ပါး ဆိုတာရှိကြပါတယ်။ အဲဒီသုံးဆယ့် ခုနစ်ပါးထဲက ဘယ်နည်းနဲ့ပဲ တရားအားထုတ်အားထုတ် ၀ိပဿနာဥာဏ် ရပါတယ်။
သတိပဌာန်လေးပါးနဲ့ အားထုတ်လည်း ၀ိပဿနာ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေကိုရပါတယ်။ သမ္မပ္ပဓာန်လေးပါး နဲ့အားထုတ်လည်း ရပါတယ်။ က္ကုဒ္ဓိပါဒ်လေးပါးနဲ့ အားထုတ်လည်း ရပါတယ်။
ဗိုလ်ငါးပါး က္ကုနြေ္ဒငါးပါး ဗောဇ္ဈင် ခုနစ်ပါး မဂ္ဂင်ရှစ်ပါး တွေနဲ့လည်း အားထုတ်လို့ဝိပဿနာမဂ်ဥာဏ် ဖိုလ်ဥာဏ်တွေကို ရပါတယ်။
ဒီနေရာမှာတော့ ၀ိပဿနာဆိုတာကို အခြေခံအားဖြင့် ပြောရရင် တော့ မဟာသတိပဌာန် တရားလေးပါးနဲ့ အားထုတ်ရတဲ့နည်းကို ပြောပြပါမယ်။
“သတိပဌာန် ဘာဝနာတရားကို ရှုပွားကြတဲ့ယောဂီမှာ
ကိုယ်စိတ်နှစ်ဖြာ လွန်ဆင်းရဲတဲ့ အကျိုးမဲ့ဘေး လွန်ကင်းကွာ။
စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမှ မုချလွတ်ကင်း ရမည်သာ။
စိတ်စင်ကြယ်ကာ အရိယာမဂ်နဲ့ နိဗ္ဗာန် ရချက် ကျိုးသုံးဖြာ
အဲဒါကြောင့် ရှုကြပွားကြ မဟာသတိပဌာန ဘာဝနာ တဲ့။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မဟာသတိပဌာန သုတ်တော်ကြီး မှာ တရားဘာဝနာ အားထုတ်လို့ ရရှိနိုင်တဲ့ အကျိုးတရားတွေကို အဲဒီလို တိုက်ရိုက်မိန့်တော် မူပါတယ်။

Thursday, November 3, 2011
ဒုတိယအခန်း ( စေတသိက် အကုသိုလ် စေတသိက် )
စေတသိက်အကြောင်း။
စေတသိက်က စိတ်ကိုခြယ်လှယ်ပုံ။စိတ်အကြောင်းကို ပြရာဝယ် “စိတ်ကောင်း စိတ်ဆိုး” ဟုပြခဲ့ပါပြီ သို့သော် စိတ်က အာရုံကိုသိဖို့ရန်ကိစ္စ တစ်ခုသာရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြားနိုင်ချေ။ စေတသိက်အမျိုးမျိုးနှင့် အတူဖြစ်ရသောကြောင့် ထိုစေတသိက် အများ၏ အကောင်းအဆိုးလိုက် ၍ စိတ်သည်လည်း စိတ်ကောင်းစိတ်ဆိုး ဖြစ်ရလေသည် ။ ““ စိတ်ကောင်းစိတ်ဆိုး နှစ်မျိုးကွဲဖို့ရန် ယှဉ်ဖက် စေတသိက်များက ခြယ်လှယ်၍ ထားကြသည်။”” ဟုဆိုလိုသည်။ ဥပမာ ရေသည် ပင်ကိုယ်အနေအားဖြင့် အရောင်တမျိုးတည်းသာရှိသော်လည်း ဆေးနီ ဆေးဝါ ဆေးပြာ ဆေးနက် တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ ရေ၀ါ ရေပြာ ရေနက် ဖြစ်ရတော့ သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်း စိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက် တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာသင့်ကြပေသည်။
ဆောင် ။
စိတ်၏တံထွာ ဓမ္မတာကား ကြုံရာအာရုံ ရမိရုံသာ ဖုံဖုံကောင်း ဆိုး မကွဲရိုးတည်း တစ်မျိုး တွဲဖက် စေတသိက်တွက်ကြောင့် သက်သက်ဆိုး ကောင်း အရောင်ပြောင်း၍ မကောင်းလည်းစိတ် ကောင်းလည်းစိတ်ဟု ခွဲစိတ်စမြဲ ဥဒါန်းကဲ သည် စိတ်လည်း စေတသိက်ကြောင့် သာကိုး...။
စိတ်ကိုမကောင်းအောင် ခြယ်လှယ်သော
အကုသိုလ် စေတသိက် ၁၄ ပါး။
၁။မောဟ ၈။ ဒေါသ၂။အဟိရိက ၉။ က္ကုဿာ
၃။အနောတ္တပ္ပ ၁၀။မစ္ဆရိယ
၎။ဥဒ္ဒစ္စ ၁၁။ကုက္ကုစ္စ
၅။လောဘ ၁၂။ထိန
၆။ဒိဌိ ၁၃။မိဒ္ဓ
၇။မာန ၁၄။ဝိစိကိစ္ဆာ
ဆောင်။
မသိတတ်ဘိ - မောဟသိလော့။ အဟိရိက - မရှက်စွတည့်။
နောတ္တပ္ပမူ - မလန့် ဟူ၏။ မှတ်ယူပျံ့လျှက် - မငြိမ်သက်ထ ဥဒ္ဒစ္စနှင့် ။လောဘ သဘော - လိုချင်ဟော၍။ မှားသော အမြင်-ဒိဌိတွင်သား။ မာနကားမူ-ထောင်လွှားကြွတက်။ ဒေါသတွက်ကြောင့် ခက်ခက်ထန်ထန်။က္ကုဿာလျှံမူ - လွန်ငြူစူ၏။ ပြောထူ မစ္ဆေ - ၀န်တိုလေ သတဲ့ ။ တစ်ထွေမှတ်ကြ ကုက္ကုစ္စကား - နောင်တတစ်ဖန် ပူပန်ထန်ပြင်း ထိုင်းခြင်း -ထိန ။ မှိုင်း - မိဒ္ဓနှင့် ဗုဒ္ဓစသည့် - ယုံမှားဘိ မူ ၀ိစိကိစ္ဆာ ဆယ့်လေးဖြာသည် မှန်စွာ အကုသိုလ်ချည်း တည်း။
( ကုသလ - ကုသိုလ်၏ + အ - ဆန့်ကျင်ဘက် ။ အကုသလ - ကုသိုလ်၏ + ဆန့်ကျင် ဘက် )
ဆရာတော် အရှင်ဇနကာဘိဝံသ ကိုယ်ကျင့် အဘိဓမ္မာ စာမူအတိုင်း။
( စိတ် )ကိုယ်ထည်မရှိ ဂူအောင်းဘိ ( ၂ )
ကိုယ်ထည်မရှိ
စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှားမရှိ ။ ထို့ကြောင့် စိတ်ကို ဖြူသည် မည်းသည် ပိန်သည် ၀သည် ဟု မဆိုနိုင်။ အာရုံကိုသိနိုင်သော သဘော သတ္တိမျှသာ ထင်ရှားရှိသည်။
ဂူအောင်းဘိ
မြင်သိ - သိသော စိတ်သည် မျက်လုံး အတွင်းမှာဖြစ်၏။ နံသိ - သိသောစိတ်သည် နှာခေါင်း အတွင်းမှာဖြစ်၏။ အရသာသိ- သိသောစိတ်သည် လျှာအတွင်းမှာ ဖြစ်၏ အတွေ့- သိ သိသော စိတ်သည် ခန္ဓာကိုယ်ဝယ် ထိမိရာ အရပ်တိုင်းမှာဖြစ်၏ ဤ သို့ လျှင် အချို့ အချို့စိတ်များ မျက်လုံးစသော အရပ်၌ ဖြစ်သော်လည်း များစွာသောစိတ် တို့ကား ရင်ချိုင့်အတွင်းရှိ ဟဒယ နှလုံးအိမ်မှာ ဖြစ်ကြသည်။ ဤသို့ လိုဏ်ဂူ နှင့် တူသော နှလုံးအိမ် မှာ အဖြစ်များ သောကြောင့် စိတ်ကို “ ဂူအောင်းသည် ”“ ဟုဆိုရပေမည်။
အချုပ်မှာ စိတ်ဟူသည် ပုံသဏ္ဍာန်မရှိ အာရုံကိုရအောင်ယူခြင်း အာရုံကိုသိခြင်း သဘောသတ္တိသာတည်း။ ထိုကဲ့သို့ အာရုံယူရာ၌ မိမိဖြစ်ရင်းစွဲ ဟာဒယ လိုဏ်ဂူ အတွင်းမှ တစ်ဆံခြည်မျှ အပြင်မထွက်ကြပဲ အလွန်ဝေးသောအာရုံကို လှမ်း၍ ယူနိုင်ကြသည်။ ထိုသို့ ယူရာ၌ ၂စိတ် ၃စိတ် ပြိုင်တူ ပူးပေါင်း၍ မဖြစ် တစ်စိတ်ပြီး တစ်စိတ် စီကာစဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။
ဆောင် --- ၁။ အာရုံ တစ်ခုခု ရအောင်ပြု မှတ်ရှု စိတ်သိပုံ။
၂။ အဝေးလည်းသွား တစ်ပါးတည်းလည် ကိုယ်ထည်မရှိ ဂူအောင်းဘိ စိတ်၏ခြင်းရာစုံ။

Wednesday, November 2, 2011
အဝေးရောက် အဘိဓမ္မာ
မိမိတို့သည် အကြောင်းအမျိုးမျိုးကြောင့် အဘိဓမ္မာ ဒေသနာကို ဆရာသမားများ အထံတွင် ကံ့ကူလက်လှည့် အနီးကပ် သင်တန်းတက်မသင်ယူနိုင်ကြသူများ ဖြစ်ပါသည်။ ဆရာတော်ကြီးများ ဆရာဆရာမ များ၏ တရားတော်များ သင်တန်းမှတ်စုများကို အဝေးရောက် သဘော လေ့လာသင်ယူနေရပါသဖြင့် မိမိတို့ လိုအပ်မည် ထင်သည်များကို အချင်းချင်း ဆွေးနွေးရင်း တတ်သိကျွမ်းကျင်သူများ၏ စာ စာအုပ် တရား တရားခွေ များကို ဝေမျှ ဖတ်ရှုကြမည် ဖြစ်ပါ၍ တတ်သိ နားလည်သူများကလည်း ဓမ္မဒါန ပြု ညွှန်ပြပေးနိုင်မည်ဟု ယုံကြည်ပါသည်။
စိတ်အကြောင်း - အဆက်
တစ်ပါးတည်းလည်။
စိတ်သည် အလွန် အဖြစ်အပျက်မြန်၏။လက်ဖျစ်တစ်ချက် တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏။ ထိုမျှလောက် အဖြစ်အပျက်မြန်သည့် အတွက် စိတ် ၂မျိုး ၃မျိုး တစ်ပြိုင်နက်ဖြစ်၍ အာရုံ ၂ ခုမှ ၃ ခုကို တစ်ခါတည်းယူနိုင်သည်ဟု ထင်ရလေသည်။ စင်စစ်မှာ ၂စိတ် ၃စိတ် ပြိုင်၍ ဖြစ်ရိုးမရှိ တစ်စိတ် ပြီးမှ တစ်စိတ် ဖြစ်၍ အာရုံ တစ်ခုကို ယူပြီးမှ အခြားအာရုံတစ်ခုကို ဆက်၍ယူရသည်။ မွှေးကြိုင်စွာ ပန်းနံ့သာခြယ်သ ထားသော ဖဲမွေ့ယာပေါ်မှာ ထိုင်လျက် ချိုချဉ်စားရင်း က၍ သီဆိုနေသူကိုကြည့် နားထောင်ရာ ၌ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အာရုံ ၅ မျိုးလုံးပင် အနီးအပါးတွင် ရှိ၏ ထိုအခါ စိတ်သည် ထိုအာရုံ ၅ မျိုးလုံးကို တစ်ပြိုင်နက် မသိ မိမိအနှစ်သက်ဆုံး အာရုံ တစ်ခုခု ကို စိတ်တစ်မျိုးဖြင့် ရျေးဦးစွာ သိပြီးမှ အခြားအခြားသော အာရုံများကို တစ်ခုပြီးတစ်ခု ဆက်၍ ဆက်၍ သိသည်။ ဤ သို့လျှင် စိတ်သည် ၂ပါး ၃ပါး ( အများအပြား) ပြိုင်၍ ဖြစ်ရိုးမရှိ တစ်ခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် “ တစ်ပါးတည်းလည် ” ဟု ဆိုရပေသည်။
ဆက်ဦးအံ့ “လည်” ဟု ဆိုသော်လည်း အဝေးသို့ လှည့်လည်သည် မဟုတ် အ ဝေးအာရုံကို ယူနိုင်သောကြောင့် “ လည်= လှည့်လည် ” ဟု ဆိုရပေသည်။ အာရုံတစ်ခုကို စိတ်က ယူရာ ၌ လည်း ထိုအာရုံကို စိတ်တစ်စိတ်တည်းက အပြီး အစိး သိအောင် မယူနိုင် အာရုံတစ်ခုကို သိထိုက်သမျှ သိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာဆက်ကာ ဖြစ်ရသည် ထိုသို့ ဆက်၍ ဆက်၍ အတော်များစွာ ဖြစ်ရသော်လည်း လက်ဖျစ်တစ်ချက်တီး အချိန်မှာ ကုဋေသိန်းပေါင်းများစွာ ဖြစ်ပျက်နိုင်သောကြောင့် လူအပေါင်းတို့က မြင် -မြင်ချင်း ကြား- ကြားချင်း မွှေး- မွှေးချင်း ထိ - ထိ ချင်း သိသည်ဟု မှတ်ထင်ကြသည်။

အဘိဓမ္မာသင်တန်း တရား ( ၁ ) ပထမ အခန်း
၍အဘိဓမ္မာသင်တန်း တရားကို ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံ ကျောင်းတိုက် ဆရာတော်ကြီး အရှင်ဇနကာ ဘိဝံသ ၏ ကိုယ်ကျင့် အဘိဓမ္မာ တရားတော် စာအုပ် မှ လေ့လာဆည်းပူးရခြင်းဖြစ်ပါသည်။
ဆရာမဒေါ်ခင်လှတင်၏ အဘိဓမ္မာသင်တန်း တရားနှင့် စီဒီများ ပုံကားများကိုလည်း ဖတ်မှတ် နည်းးယူ ခံယူ သင်ကြားပါသည်။ မိမိတို့သည် ဆရာများ မဟုတ်၍ မိမိတို့အား ဖတ်ရှုဆုံးမပါရန် ဆရာသမားတို့အား ပန်ကြားအပ်ပါသည်။
အဘိဓမ္မာလေ့လာသင်ကြားသူများ
ပထမ အခန်း ။
( ဤ အခန်း၌ ပရမတ် အကြောင်း စိတ်အကြောင်း ပါသည်။ )
ပရမတ္ထတရား ၄ ပါး
ပရမတ္ထတရားဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “ မြတ်သော အနက် သဘော ” ဟုဆို
လိုသည်။ “ မြတ် ” ဆိုသည်မှာ လည်း “ မွန်မြတ် - မြင့်မြတ် - ကောင်းမြတ် ” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုယ် သဘောအတိုင်း မဖောက်မပြန် မပြောင်းလဲပဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။
( ပရမ = မြတ်သော + အတ္တ = အနက်သဘော ၊ ပရမတ္ထ = မြတ်သော အနက်သဘော ။ ဤ ပရမတ္ထ သဘောကို “ ပရမတ် ” ဟုလည်း ခေါ်၏။ ) ထိုပရမတ္ထ တရားကား - စိတ် စေတသိက် ရုပ် နိဗ္ဗာန် အားဖြင့် လေးပါး ရှိသည်။
ပရမတ္ထ = စိတ် စေတသိက် ရုပ် နိဗ္ဗာန်
မဖေါက်ပြန်ပုံ ။ ။ စေတသိက် တရားတို့၌ လောဘ ဒေါသများ ပါရှိ၏ ၊ လောဘသည် လိုချင်ခြင်းသဘော ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။
လောဘသည် ပညာရှိ သူတော်ကောင်း၏ သဏ္ဍာန်မှာ ဖြစ်ဖြစ် သူယုတ်မာ သဏ္ဍာန်မှာ ဖြစ်ဖြစ် ခွေးသဏ္ဍန်မှာ ဖြစ်ဖြစ် လိုချင်သော သဘောမှ ဖောက်ပြန်ခြင်း ပြောင်းလဲခြင်း မရှိ ချေ ။ ထို့အတူ ဒေါသ၏ ခက်ထန်ခြင်းသဘောလည်း မည်သူ့သဏ္ဍန်မှာဖြစ်ဖြစ် မဖေါက်ပြန် မပြောင်းလဲချေ။ အခြားသောပရမတ္ထတရားတို့ မပြောင်းလဲကြကုန် ပုံကိုလည်း ဤ နည်းအတိုင်း သိပါ။
ဤသို့ လျှင် ပရမတ် သဘော တို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက်စားခြင်း မရှိဘဲ မူရင်းအတိုင်း ထင်ရှားမြဲဖြစ်သော ကြောင့် မိမိ သူတစ်ပါး တို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုညွှန်ပြမည့် ပရမတ် သဘောများကို ကြိုးကြိုးစားစား လေ့လာသင့်ကြပါသည်။
( ဆောင် ) ၁။ သဘောအမှန် ဖောက်ပြန်သဖြင့်မှန်ကန်တည့်မတ် ဂုဏ်အမြတ် ပရမတ္ထခေါ် ။
၂။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်အား ခွဲ ၍ထား
လေးပါး ပြားဘိသော်။
အာရုံကို သိတတ်သော သဘောငည် စိတ်
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှအရုဏ်တွေကို သိနေကြသည်။ ထိုသို့ အာရုံတွေ ကို သိတတ်သော သဘောကို “ စိတ် ” ဟုခေါ်သည်။ “ သိ ” ဆိုသော်လည်း ဥာဏ် ဖြင့် သိသော အသိမဟုတ် အာရုံကို ရအောင် ယူနိုင်ခြင်းကို ပင် အသိဟု ခေါ်သည်။
အာရုံ ၆ ပါး အသိ ၆ မျိုး
1။ အဆင်းအရောင် ဟူသမျှ = ရူပါရုံ။
2။ အသံ ဟူသမျှ = သဒ္ဒါရုံ
3။ အနံ့ဟူသမျှ = ဂန္ဓာ ရုံ။
4။ အရသာ ဟူသမျှ = ရသာဂုံ
5။ အတွေ့ ဟူသမျှ = ဖောဌဗ္ဗာ ရုံ
6။ ကြွင်းသော သိဖွယ် ဟူသမျ = ဓမ္မာရုံ
ရူပါရုံကို မြင်သောအခါ မြင်သိ - သိသောစိတ် ဖြစ်၏ ။ သဒ္ဒါ ရုံကိုကြားသောအလခါ ကြားသိ - သိသောစိတ် ဂန္ဓာရုံကို နံသော မွှေးသောအခါ နံသိ မွှေးသိ သိသောစိတ် ရသာရုံကို အရသာခံသောအခါ အရသာသိ သိသောစိတ် တစ်စုံတစ်ခုကို တွေ့ထိရသောအခါ အတွေ့အထိ သိ သိသောစိတ် ထိုအာရုံ ငါးပါး နှင့် တစ်ကွ ကြွင်းသော အကြောင်း အရာတွေ ကို သိသောအခါ ဆိုင်ရာကို သိသော စိတ်များ ဖြစ်ကြလေသည်။ ဤ သို့ ဆိုင်ရာ အာရုံကို ရအောင် ယူနိုင်ခြင်းသည် စိတ်၏ သိခြင်း ပင်တည်း။
စိတ်၏ အခြင်း အရာ။
စိတ်သည် အဝေးသို့လည်း သွားနိုင်၏ ။ တစ်ပါးတည်း လှည့်လည်လေ့ ရှိ၏။ ခန္ဓာကိုယ် အထည် ဒြပ်လည်း မရှိ။ ခန္ဓာကိုယ် ၀ယ် ဟဒယ လိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒ ပါဠိတော်၌ ဟောတော်မူသည်။ ထိုသို့ ဟောတော်မူသည့်အတိုင်း စိတ်၏ အခြင်းအရာကို ထင်ရှားအောင် ပြပါဦးမည်။
အဝေး လည်း သွား။
စိတ်သည် ခြေဖြင့် လျှောက်သွားနိုင် သကဲ့သို့ အဝေးရပ် ရောက်အောင် သွားနိုင်သည် မဟုတ် ။ သို့သော် အလွန်ဝေးသောအရပ်ကို လှမ်း၍ အာရုံပြုနိုင်ရကား အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်။ ဥပမာ- မန္တလေးမှနေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည်မဟုတ် မန္တလေးမှာ ဖြစ်လျှက်ပင် ရန်ကုန်သို့ လှမ်း၍ အာရုံပြုနိုင်သည် ထိုသို့ အဝေးအာရုံကို ယူနိုင်သည့်အတွက် “ အဝေးလည်းသွား ” ဟု ဆိုရပေသည်။
Tuesday, November 1, 2011
နေစဉ် ဘ၀ နေ့စဉ် ဘဝ
လောကမှာ နေစဉ် ကျင့်သုံးရမယ့်ကိစ္စ အကြောင်းအရာ နေ့စဉ် ကျင့်သုံး ဆောင်ရွက်ရမယ့် ကိစ္စအကြောင်းအရာတွေကို လူတွေ သိကြပြီးသားဖြစ်မှာပါ။ ဆရာတော် အရှင်ဆေကိန္ဒက လည်း နေစဉ်အလုပ် နေ့စဉ်လုပ် လို့ တရားတော် တစ်ခုမှာ ဟောပြတော်မူပါတယ်။
ကျွန်ုပ်တို့ နေစဉ်ဘ၀ မှာ အောက်ပါတာဝန်များ ရှိပါတယ်။
ကျွန်ုပ်တို့ နေစဉ်ဘ၀ မှာ အောက်ပါတာဝန်များ ရှိပါတယ်။
- မည်သူ့အပေါ်ကိုမျှ ဒေါသ မဖြစ်ရသောသူ ဖြစ်ရပါလို၏။
- မိမိကြောင့် မည်သူ့ကိုမျှ ကိုယ်ဆင်းရြ စိတ်ဆင်းရဲ မဖြစ်ရသောသူသာ ဖြစ်ရပါလို၏။
- မည်သည့် ဥစ္စာပစ္စည်း ကာမဂုဏ်ကိုမျှ စွဲလမ်း တပ်မက်မှု မဖြစ်ရသောသူသာ ဖြစ်ရပါလို၏။
- အမြဲတမ်း ပေးလှူနိုင်ပြီး ပေးလှူလိုသော စိတ် ရှိသူသာ ဖြစ်ရပါလို၏။
- နေ့စဉ် လုပ်ရမယ့် အလုပ်တွေ
- အိုခြင်းသဘောကို မလွန်ဆန်နိုင်ဟု အမြဲမပြတ် ဆင်ခြင်လျှင် ပျိုရွယ်မှု မာန်ယစ်ခြင်းသည် ခေါင်းပါးသွားနိုင် ပျောက်ကင်းသွားနိုင်ပါသည်။
- နာခြင်းသဘောကို မလွန်ဆန်နိုင်ဟု အမြဲမပြတ် ဆင်ခြင်လျှင် ရောဂါကင်းမှု မာန်ယစ်ခြင်းသည် ခေါင်းပါးသွားနိုင် ပျောက်သွားနိုင်ပါသည်။
- သေခြင်းသဘောကို မလွန်ဆန်နိုင်ဟု အမြဲမပြတ် ဆင်ခြင်လျှင် ရောဂါကင်းမှု မာန်ယစ်ခြင်းသည်ေါင်းပါးသွားနိုင် ပျောက်ကင်းသွားနိုင်ပါသည်။
- ချစ်ခင်မြတ်နိုးသူများနှင့် ရှင်ကွဲကွဲ ရမည် သေကွဲကွဲရမည် ဟု အမြဲမပြတ်ဆင်ခြင်လျှင် သတ္တ၀ါတို့အပေါ် လိုချင်မက်မောမှုသည် ခေါင်းပါးသွားနိုင် ပျောက်ကင်းသွားနိုင်ပါသည်။
- မိမိပြုလုပ်သော ကောင်းမှုကံ မကောင်းမှု ကံ တို့၏ အမွေကို ခံယူရလိမ့်မည်ဟု အမြဲမပြတ် ဆင်ခြင်လျှင် ဒုစရိုက် သုံးပါး တို့ ခေါင်းပါး ပျောက်ကင်းသွားနိုင်ပါသည်။ ဤ သို့ မပြတ်ဆင်ခြင်သော် အရိယာမဂ် ဖြစ်ပေါ်လာပြီး သံယောဇဉ်နှင့် အနုသယ တို့ ကင်းကွာကာကုန်ပါသည်။
- တိပိဋက ပဉ္စက နိပါတ် ဌာန သုတ္တန်။
သာသနာနှစ် ၂၅၅၅ ဘုရားရှင်ပွင့်ထွန်း ၄၅ ၀ါ ပေါင်း ၂၆၀၀
ယခုနှစ်ဟာ သာသနာ ၂၆၀၀ ပြည့်တဲ့ နှစ်လို့ ယူမှတ်ကြပါတယ်။ ဒါကြောင့် မြတ်ဘုရားထံမှ ဆံတော် ပင့်ဆောင်လာတဲ့ လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံမှာ သာသနာ ၂၆၀၀ အထိန်းအမှတ် ပွဲများကို ကျင်းပပါလိမ့်မယ်။ ကျွန်တော်ပထမဆုံး သတိထားမိတာကတော့ ဆရာ SS Khin Mg Aye ပါ သူက သင်္ချာသမား သင်္ချာပညာရှင်ဆိုတော့ အရာရာကို မတွက်မချက်ပဲ ကို မနေနိုင်ပါဘူး ဆရာက ပဌာန်းစာအုပ်ကလေးတွေ ပုံပြပြီး လူတိုင်း နားလည်အောင် လုပ်ခဲ့ပါတယ် ပျံ့နှံ့အောင်လည်း လုပ်ခဲ့ပါတယ်။ သူ့တစ်နိုင်က နေပြီးတော့ သောတပန် ဆုပန် စတဲ့ အတွေးအမြင် နဲ့ အတိုက်အတွန်း လုပ်ထားတဲ့ စာအုပ်တွေ ကိုလည်း ဓမ္မ ဒါန ပြုနေသူပါ။ ဆရာက ကျောင်းဆရာ စာပေတိုက်ပိုင်ရျင် ပုံနှိပ်လုပ်ငန်း ပိုင်ရှင်လည်းဖြစ်ပါတယ်။ အခုတော့ ဆရာဟာ အလွန်အောင်မြင်နေတဲ့ သူ့ရဲ့ ကျူရှင် လုပ်ငန်းကနေ ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွား ထွန်းလင်းရေးအတွက် သာသနာ ၂၆၀၀ ဗုဒ္ဓခေတ်မြတ်ကို စတင် ခေါ်ဝေါ်သုံးစွဲသူလည်း ဖြစ်နေပါတယ်။
Subscribe to:
Posts (Atom)