ကျွန်ုပ်တို့ နေစဉ်ဘ၀ မှာ အောက်ပါတာဝန်များ ရှိပါတယ်။
- မည်သူ့အပေါ်ကိုမျှ ဒေါသ မဖြစ်ရသောသူ ဖြစ်ရပါလို၏။
- မိမိကြောင့် မည်သူ့ကိုမျှ ကိုယ်ဆင်းရြ စိတ်ဆင်းရဲ မဖြစ်ရသောသူသာ ဖြစ်ရပါလို၏။
- မည်သည့် ဥစ္စာပစ္စည်း ကာမဂုဏ်ကိုမျှ စွဲလမ်း တပ်မက်မှု မဖြစ်ရသောသူသာ ဖြစ်ရပါလို၏။
- အမြဲတမ်း ပေးလှူနိုင်ပြီး ပေးလှူလိုသော စိတ် ရှိသူသာ ဖြစ်ရပါလို၏။
- နေ့စဉ် လုပ်ရမယ့် အလုပ်တွေ
- အိုခြင်းသဘောကို မလွန်ဆန်နိုင်ဟု အမြဲမပြတ် ဆင်ခြင်လျှင် ပျိုရွယ်မှု မာန်ယစ်ခြင်းသည် ခေါင်းပါးသွားနိုင် ပျောက်ကင်းသွားနိုင်ပါသည်။
- နာခြင်းသဘောကို မလွန်ဆန်နိုင်ဟု အမြဲမပြတ် ဆင်ခြင်လျှင် ရောဂါကင်းမှု မာန်ယစ်ခြင်းသည် ခေါင်းပါးသွားနိုင် ပျောက်သွားနိုင်ပါသည်။
- သေခြင်းသဘောကို မလွန်ဆန်နိုင်ဟု အမြဲမပြတ် ဆင်ခြင်လျှင် ရောဂါကင်းမှု မာန်ယစ်ခြင်းသည်ေါင်းပါးသွားနိုင် ပျောက်ကင်းသွားနိုင်ပါသည်။
- ချစ်ခင်မြတ်နိုးသူများနှင့် ရှင်ကွဲကွဲ ရမည် သေကွဲကွဲရမည် ဟု အမြဲမပြတ်ဆင်ခြင်လျှင် သတ္တ၀ါတို့အပေါ် လိုချင်မက်မောမှုသည် ခေါင်းပါးသွားနိုင် ပျောက်ကင်းသွားနိုင်ပါသည်။
- မိမိပြုလုပ်သော ကောင်းမှုကံ မကောင်းမှု ကံ တို့၏ အမွေကို ခံယူရလိမ့်မည်ဟု အမြဲမပြတ် ဆင်ခြင်လျှင် ဒုစရိုက် သုံးပါး တို့ ခေါင်းပါး ပျောက်ကင်းသွားနိုင်ပါသည်။ ဤ သို့ မပြတ်ဆင်ခြင်သော် အရိယာမဂ် ဖြစ်ပေါ်လာပြီး သံယောဇဉ်နှင့် အနုသယ တို့ ကင်းကွာကာကုန်ပါသည်။
- တိပိဋက ပဉ္စက နိပါတ် ဌာန သုတ္တန်။
No comments:
Post a Comment