မိမိတို့သည် အကြောင်းအမျိုးမျိုးကြောင့် အဘိဓမ္မာ ဒေသနာကို ဆရာသမားများ အထံတွင် ကံ့ကူလက်လှည့် အနီးကပ် သင်တန်းတက်မသင်ယူနိုင်ကြသူများ ဖြစ်ပါသည်။ ဆရာတော်ကြီးများ ဆရာဆရာမ များ၏ တရားတော်များ သင်တန်းမှတ်စုများကို အဝေးရောက် သဘော လေ့လာသင်ယူနေရပါသဖြင့် မိမိတို့ လိုအပ်မည် ထင်သည်များကို အချင်းချင်း ဆွေးနွေးရင်း တတ်သိကျွမ်းကျင်သူများ၏ စာ စာအုပ် တရား တရားခွေ များကို ဝေမျှ ဖတ်ရှုကြမည် ဖြစ်ပါ၍ တတ်သိ နားလည်သူများကလည်း ဓမ္မဒါန ပြု ညွှန်ပြပေးနိုင်မည်ဟု ယုံကြည်ပါသည်။
No comments:
Post a Comment