ဝိပဿနာအလုပ် အားထုတ်တယ် ဆိုတာ တစ်ကယ်တမ်း ကျတော့ ကိုယ်ချမ်းသာအောင် စိတ်ချမ်းသာအောင်နေပြီးတော့ အားထုတ် ရတာ မျိုးပါ။
ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ အားထုတ်မှလည်း ၀ိပဿနာဥာဏ် ဆိုတာ ဖြစ်လာတာ ဖြစ်နိုင်တာပါ ၀ိပဿနာတရား အားထုတ်ရာ မှာ ဘုရားရှင်ရဲ့ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တရားပေါင်း များစွာမှာ အားထုတ်နည်းပေါင်း များစွာရှိကြပါတယ်။
အဓိကအားဖြင့်ကတော့ ဗောဓိပက္ခယတရား ဆိုတဲ့မဂ်ဥာဏ် ဖိုလ်ဥာဏ်ရဲ့ အသင်းအပင်းတွေ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရကြောင်း တရားတွေ သုံးဆယ့်ခုနစ်ပါး ဆိုတာရှိကြပါတယ်။ အဲဒီသုံးဆယ့် ခုနစ်ပါးထဲက ဘယ်နည်းနဲ့ပဲ တရားအားထုတ်အားထုတ် ၀ိပဿနာဥာဏ် ရပါတယ်။
သတိပဌာန်လေးပါးနဲ့ အားထုတ်လည်း ၀ိပဿနာ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေကိုရပါတယ်။ သမ္မပ္ပဓာန်လေးပါး နဲ့အားထုတ်လည်း ရပါတယ်။ က္ကုဒ္ဓိပါဒ်လေးပါးနဲ့ အားထုတ်လည်း ရပါတယ်။
ဗိုလ်ငါးပါး က္ကုနြေ္ဒငါးပါး ဗောဇ္ဈင် ခုနစ်ပါး မဂ္ဂင်ရှစ်ပါး တွေနဲ့လည်း အားထုတ်လို့ဝိပဿနာမဂ်ဥာဏ် ဖိုလ်ဥာဏ်တွေကို ရပါတယ်။
ဒီနေရာမှာတော့ ၀ိပဿနာဆိုတာကို အခြေခံအားဖြင့် ပြောရရင် တော့ မဟာသတိပဌာန် တရားလေးပါးနဲ့ အားထုတ်ရတဲ့နည်းကို ပြောပြပါမယ်။
“သတိပဌာန် ဘာဝနာတရားကို ရှုပွားကြတဲ့ယောဂီမှာ
ကိုယ်စိတ်နှစ်ဖြာ လွန်ဆင်းရဲတဲ့ အကျိုးမဲ့ဘေး လွန်ကင်းကွာ။
စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမှ မုချလွတ်ကင်း ရမည်သာ။
စိတ်စင်ကြယ်ကာ အရိယာမဂ်နဲ့ နိဗ္ဗာန် ရချက် ကျိုးသုံးဖြာ
အဲဒါကြောင့် ရှုကြပွားကြ မဟာသတိပဌာန ဘာဝနာ တဲ့။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မဟာသတိပဌာန သုတ်တော်ကြီး မှာ တရားဘာဝနာ အားထုတ်လို့ ရရှိနိုင်တဲ့ အကျိုးတရားတွေကို အဲဒီလို တိုက်ရိုက်မိန့်တော် မူပါတယ်။
ဆရာတော်အရှင် ဆေကိန္ဒ ဟောကြားတော်မူသောဧည့်သည် “တိုက်တွန်းတရား” ဓမ္မစာစုများ မှ ဖေါ်ပြထားသည်ဟုထင်ပါသည်။ ၀ိပဿနာအလုပ်အားထုတ်ခြင်းသည် မိမိ ၀ိပဿနာတရားအားထုတ်သူ ဖြစ်ကြောင်း ကြွားဝါရန်ဟု ထင်နေသူ များရှိကြောင်း သိရပါသည် အချို့မှာ အားမထုတ်ပဲ အပြစ်ပြောသည်လည်း တွေ့ရပါသည်။ ကျွန်တော်တို့ကမူ မိမိ အစားကောင်းအသောက်ကောင်းစားရသောက်ရသောအခါ သည်အစားအစာ ကလေးကတော့ သင့်တော်ကြောင်း ကောင်းမွန်ကြောင်း ကျွန်တော်တို့ နှင့် သင့်ကြောင်း ပြောဆိုကြခြင်း ဖြစ်ပါသည်။ ၀ိပဿနာတရားသည် ဤတရားမျိုး ဖြစ်ကြောင်းသာ သိစေချင်ပါတော့သည်။
ReplyDelete