Tuesday, November 1, 2011
သာသနာနှစ် ၂၅၅၅ ဘုရားရှင်ပွင့်ထွန်း ၄၅ ၀ါ ပေါင်း ၂၆၀၀
ယခုနှစ်ဟာ သာသနာ ၂၆၀၀ ပြည့်တဲ့ နှစ်လို့ ယူမှတ်ကြပါတယ်။ ဒါကြောင့် မြတ်ဘုရားထံမှ ဆံတော် ပင့်ဆောင်လာတဲ့ လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံမှာ သာသနာ ၂၆၀၀ အထိန်းအမှတ် ပွဲများကို ကျင်းပပါလိမ့်မယ်။ ကျွန်တော်ပထမဆုံး သတိထားမိတာကတော့ ဆရာ SS Khin Mg Aye ပါ သူက သင်္ချာသမား သင်္ချာပညာရှင်ဆိုတော့ အရာရာကို မတွက်မချက်ပဲ ကို မနေနိုင်ပါဘူး ဆရာက ပဌာန်းစာအုပ်ကလေးတွေ ပုံပြပြီး လူတိုင်း နားလည်အောင် လုပ်ခဲ့ပါတယ် ပျံ့နှံ့အောင်လည်း လုပ်ခဲ့ပါတယ်။ သူ့တစ်နိုင်က နေပြီးတော့ သောတပန် ဆုပန် စတဲ့ အတွေးအမြင် နဲ့ အတိုက်အတွန်း လုပ်ထားတဲ့ စာအုပ်တွေ ကိုလည်း ဓမ္မ ဒါန ပြုနေသူပါ။ ဆရာက ကျောင်းဆရာ စာပေတိုက်ပိုင်ရျင် ပုံနှိပ်လုပ်ငန်း ပိုင်ရှင်လည်းဖြစ်ပါတယ်။ အခုတော့ ဆရာဟာ အလွန်အောင်မြင်နေတဲ့ သူ့ရဲ့ ကျူရှင် လုပ်ငန်းကနေ ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွား ထွန်းလင်းရေးအတွက် သာသနာ ၂၆၀၀ ဗုဒ္ဓခေတ်မြတ်ကို စတင် ခေါ်ဝေါ်သုံးစွဲသူလည်း ဖြစ်နေပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment