၍အဘိဓမ္မာသင်တန်း တရားကို ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံ ကျောင်းတိုက် ဆရာတော်ကြီး အရှင်ဇနကာ ဘိဝံသ ၏ ကိုယ်ကျင့် အဘိဓမ္မာ တရားတော် စာအုပ် မှ လေ့လာဆည်းပူးရခြင်းဖြစ်ပါသည်။
ဆရာမဒေါ်ခင်လှတင်၏ အဘိဓမ္မာသင်တန်း တရားနှင့် စီဒီများ ပုံကားများကိုလည်း ဖတ်မှတ် နည်းးယူ ခံယူ သင်ကြားပါသည်။ မိမိတို့သည် ဆရာများ မဟုတ်၍ မိမိတို့အား ဖတ်ရှုဆုံးမပါရန် ဆရာသမားတို့အား ပန်ကြားအပ်ပါသည်။
အဘိဓမ္မာလေ့လာသင်ကြားသူများ
ပထမ အခန်း ။
( ဤ အခန်း၌ ပရမတ် အကြောင်း စိတ်အကြောင်း ပါသည်။ )
ပရမတ္ထတရား ၄ ပါး
ပရမတ္ထတရားဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “ မြတ်သော အနက် သဘော ” ဟုဆို
လိုသည်။ “ မြတ် ” ဆိုသည်မှာ လည်း “ မွန်မြတ် - မြင့်မြတ် - ကောင်းမြတ် ” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုယ် သဘောအတိုင်း မဖောက်မပြန် မပြောင်းလဲပဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။
( ပရမ = မြတ်သော + အတ္တ = အနက်သဘော ၊ ပရမတ္ထ = မြတ်သော အနက်သဘော ။ ဤ ပရမတ္ထ သဘောကို “ ပရမတ် ” ဟုလည်း ခေါ်၏။ ) ထိုပရမတ္ထ တရားကား - စိတ် စေတသိက် ရုပ် နိဗ္ဗာန် အားဖြင့် လေးပါး ရှိသည်။
ပရမတ္ထ = စိတ် စေတသိက် ရုပ် နိဗ္ဗာန်
မဖေါက်ပြန်ပုံ ။ ။ စေတသိက် တရားတို့၌ လောဘ ဒေါသများ ပါရှိ၏ ၊ လောဘသည် လိုချင်ခြင်းသဘော ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။
လောဘသည် ပညာရှိ သူတော်ကောင်း၏ သဏ္ဍာန်မှာ ဖြစ်ဖြစ် သူယုတ်မာ သဏ္ဍာန်မှာ ဖြစ်ဖြစ် ခွေးသဏ္ဍန်မှာ ဖြစ်ဖြစ် လိုချင်သော သဘောမှ ဖောက်ပြန်ခြင်း ပြောင်းလဲခြင်း မရှိ ချေ ။ ထို့အတူ ဒေါသ၏ ခက်ထန်ခြင်းသဘောလည်း မည်သူ့သဏ္ဍန်မှာဖြစ်ဖြစ် မဖေါက်ပြန် မပြောင်းလဲချေ။ အခြားသောပရမတ္ထတရားတို့ မပြောင်းလဲကြကုန် ပုံကိုလည်း ဤ နည်းအတိုင်း သိပါ။
ဤသို့ လျှင် ပရမတ် သဘော တို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက်စားခြင်း မရှိဘဲ မူရင်းအတိုင်း ထင်ရှားမြဲဖြစ်သော ကြောင့် မိမိ သူတစ်ပါး တို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုညွှန်ပြမည့် ပရမတ် သဘောများကို ကြိုးကြိုးစားစား လေ့လာသင့်ကြပါသည်။
( ဆောင် ) ၁။ သဘောအမှန် ဖောက်ပြန်သဖြင့်မှန်ကန်တည့်မတ် ဂုဏ်အမြတ် ပရမတ္ထခေါ် ။
၂။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်အား ခွဲ ၍ထား
လေးပါး ပြားဘိသော်။
အာရုံကို သိတတ်သော သဘောငည် စိတ်
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှအရုဏ်တွေကို သိနေကြသည်။ ထိုသို့ အာရုံတွေ ကို သိတတ်သော သဘောကို “ စိတ် ” ဟုခေါ်သည်။ “ သိ ” ဆိုသော်လည်း ဥာဏ် ဖြင့် သိသော အသိမဟုတ် အာရုံကို ရအောင် ယူနိုင်ခြင်းကို ပင် အသိဟု ခေါ်သည်။
အာရုံ ၆ ပါး အသိ ၆ မျိုး
1။ အဆင်းအရောင် ဟူသမျှ = ရူပါရုံ။
2။ အသံ ဟူသမျှ = သဒ္ဒါရုံ
3။ အနံ့ဟူသမျှ = ဂန္ဓာ ရုံ။
4။ အရသာ ဟူသမျှ = ရသာဂုံ
5။ အတွေ့ ဟူသမျှ = ဖောဌဗ္ဗာ ရုံ
6။ ကြွင်းသော သိဖွယ် ဟူသမျ = ဓမ္မာရုံ
ရူပါရုံကို မြင်သောအခါ မြင်သိ - သိသောစိတ် ဖြစ်၏ ။ သဒ္ဒါ ရုံကိုကြားသောအလခါ ကြားသိ - သိသောစိတ် ဂန္ဓာရုံကို နံသော မွှေးသောအခါ နံသိ မွှေးသိ သိသောစိတ် ရသာရုံကို အရသာခံသောအခါ အရသာသိ သိသောစိတ် တစ်စုံတစ်ခုကို တွေ့ထိရသောအခါ အတွေ့အထိ သိ သိသောစိတ် ထိုအာရုံ ငါးပါး နှင့် တစ်ကွ ကြွင်းသော အကြောင်း အရာတွေ ကို သိသောအခါ ဆိုင်ရာကို သိသော စိတ်များ ဖြစ်ကြလေသည်။ ဤ သို့ ဆိုင်ရာ အာရုံကို ရအောင် ယူနိုင်ခြင်းသည် စိတ်၏ သိခြင်း ပင်တည်း။
စိတ်၏ အခြင်း အရာ။
စိတ်သည် အဝေးသို့လည်း သွားနိုင်၏ ။ တစ်ပါးတည်း လှည့်လည်လေ့ ရှိ၏။ ခန္ဓာကိုယ် အထည် ဒြပ်လည်း မရှိ။ ခန္ဓာကိုယ် ၀ယ် ဟဒယ လိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒ ပါဠိတော်၌ ဟောတော်မူသည်။ ထိုသို့ ဟောတော်မူသည့်အတိုင်း စိတ်၏ အခြင်းအရာကို ထင်ရှားအောင် ပြပါဦးမည်။
အဝေး လည်း သွား။
စိတ်သည် ခြေဖြင့် လျှောက်သွားနိုင် သကဲ့သို့ အဝေးရပ် ရောက်အောင် သွားနိုင်သည် မဟုတ် ။ သို့သော် အလွန်ဝေးသောအရပ်ကို လှမ်း၍ အာရုံပြုနိုင်ရကား အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်။ ဥပမာ- မန္တလေးမှနေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည်မဟုတ် မန္တလေးမှာ ဖြစ်လျှက်ပင် ရန်ကုန်သို့ လှမ်း၍ အာရုံပြုနိုင်သည် ထိုသို့ အဝေးအာရုံကို ယူနိုင်သည့်အတွက် “ အဝေးလည်းသွား ” ဟု ဆိုရပေသည်။
အဘိဓမ္မာကို ထူးသောတရားဟူ၍ အဓိပ္ပါယ် ပြန်ဆိုနိုင်ကြောင်း သိရပါသည်။ ဆရာတော်ဘုရားကြီး၏ ကိုယ်ကျင့် အဘိဓမ္မာ တရားစာသည် လူတို့အတွက် လွယ်ကူရှင်းလင်း ပြတ်သားစွာ လေ့လာနိုင်ရန် ရေးသားထားသော တရားတော်မြတ် ဖြစ်ပါသည်ရှင် ။
ReplyDeleteအဘိဓမ္မာသင်တန်းများ ဆရာမ ဒေါ်ခင်နွဲ့ဟန်ကြည်က “မည်ကဲ့သို့ ထူးခြားလွန်ကဲသနည်း ဆိုသော် အဘိဓမ္မာသည် ပရမတ် နှင့်ပညတ် ကို ခွဲခြား၍ ပေါ်လွင်အောင် ပြသနိုင်သောကြောင့် ဖြစ်သည်။ ”” ဟုဆိုပါသည်။ ထို့ပြင်
ပရမတ်ဟူသည်မှာ မဖေါက်ပြန်သော သဘောရှိ၍ တိကျမှန်ကန်ခြင်း ထင်ရှားရှိခြင်းပင် ဖြစ်ပါသည်။ ပညတ်ဟူသည်မှာ အထင်အရှား အသေအချာ မ၇ှိပေ အသိအမှတ် ပြုထားရုံမျှသာ ဖြစ်ပေသည်။ အဘိဓမ္မာသည် ထိုပညတ် နှင့် ပရမတ် ကို တိကျစွာခွဲခြားသည့်ပြင် ပရမတ်တရားများကို အသေးစိတ် ကုန်စင်အောင် ထင်ထင်ရှားရှား တိကျစွာ ပြသောကြောင့် ထူးခြားလွန်ကဲသည်ဟု ဆိုရသည်။
မြတ်စွာာဘုရား ဟောကြားတော်မူသော ပိဋကတ် ကျမ်း ထဲတွင် သုတ္တန် ၀ိနည်း အဘိဓမ္မာဟူ ၍ ပါဝင်ရာ သုတ္တန် နှင့် ၀ိနည်းတို့မှာ နည်းလမ်းများ ကျင့်ဆောင်ရာ ဥပဒေများကိုသာ ရည်ညွှန်းဖေါ်ပြထားသည်။ ပညတ် နှင့် ပရမတ် ကို သာမန်မျှသာ ခွဲခြားပြသည်။ စိစစ်သေချာစွာ မခွဲပြချေ အဘိဓမ္မာသည်ကား ပညတ် နှင့် ပရမတ်ကို ပြတ်သားရှင်းလင်း သေချာစွာ ထင်ရှားသိမြင်စေရန် ခွဲခြားပြပေသည်။ ဟုလေ့လာရသောကြောင့် အဘိဓမ္မာသင်ကြားရခြင်းသည် အကျိုးရှိမှာ အမှန်ပင်ဖြစ်ပါသည်ရှင့်။ လေးစားစွာဖြင့်