စေတသိက်အကြောင်း။
စေတသိက်က စိတ်ကိုခြယ်လှယ်ပုံ။စိတ်အကြောင်းကို ပြရာဝယ် “စိတ်ကောင်း စိတ်ဆိုး” ဟုပြခဲ့ပါပြီ သို့သော် စိတ်က အာရုံကိုသိဖို့ရန်ကိစ္စ တစ်ခုသာရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြားနိုင်ချေ။ စေတသိက်အမျိုးမျိုးနှင့် အတူဖြစ်ရသောကြောင့် ထိုစေတသိက် အများ၏ အကောင်းအဆိုးလိုက် ၍ စိတ်သည်လည်း စိတ်ကောင်းစိတ်ဆိုး ဖြစ်ရလေသည် ။ ““ စိတ်ကောင်းစိတ်ဆိုး နှစ်မျိုးကွဲဖို့ရန် ယှဉ်ဖက် စေတသိက်များက ခြယ်လှယ်၍ ထားကြသည်။”” ဟုဆိုလိုသည်။ ဥပမာ ရေသည် ပင်ကိုယ်အနေအားဖြင့် အရောင်တမျိုးတည်းသာရှိသော်လည်း ဆေးနီ ဆေးဝါ ဆေးပြာ ဆေးနက် တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ ရေ၀ါ ရေပြာ ရေနက် ဖြစ်ရတော့ သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်း စိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက် တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာသင့်ကြပေသည်။
ဆောင် ။
စိတ်၏တံထွာ ဓမ္မတာကား ကြုံရာအာရုံ ရမိရုံသာ ဖုံဖုံကောင်း ဆိုး မကွဲရိုးတည်း တစ်မျိုး တွဲဖက် စေတသိက်တွက်ကြောင့် သက်သက်ဆိုး ကောင်း အရောင်ပြောင်း၍ မကောင်းလည်းစိတ် ကောင်းလည်းစိတ်ဟု ခွဲစိတ်စမြဲ ဥဒါန်းကဲ သည် စိတ်လည်း စေတသိက်ကြောင့် သာကိုး...။
စိတ်ကိုမကောင်းအောင် ခြယ်လှယ်သော
အကုသိုလ် စေတသိက် ၁၄ ပါး။
၁။မောဟ ၈။ ဒေါသ၂။အဟိရိက ၉။ က္ကုဿာ
၃။အနောတ္တပ္ပ ၁၀။မစ္ဆရိယ
၎။ဥဒ္ဒစ္စ ၁၁။ကုက္ကုစ္စ
၅။လောဘ ၁၂။ထိန
၆။ဒိဌိ ၁၃။မိဒ္ဓ
၇။မာန ၁၄။ဝိစိကိစ္ဆာ
ဆောင်။
မသိတတ်ဘိ - မောဟသိလော့။ အဟိရိက - မရှက်စွတည့်။
နောတ္တပ္ပမူ - မလန့် ဟူ၏။ မှတ်ယူပျံ့လျှက် - မငြိမ်သက်ထ ဥဒ္ဒစ္စနှင့် ။လောဘ သဘော - လိုချင်ဟော၍။ မှားသော အမြင်-ဒိဌိတွင်သား။ မာနကားမူ-ထောင်လွှားကြွတက်။ ဒေါသတွက်ကြောင့် ခက်ခက်ထန်ထန်။က္ကုဿာလျှံမူ - လွန်ငြူစူ၏။ ပြောထူ မစ္ဆေ - ၀န်တိုလေ သတဲ့ ။ တစ်ထွေမှတ်ကြ ကုက္ကုစ္စကား - နောင်တတစ်ဖန် ပူပန်ထန်ပြင်း ထိုင်းခြင်း -ထိန ။ မှိုင်း - မိဒ္ဓနှင့် ဗုဒ္ဓစသည့် - ယုံမှားဘိ မူ ၀ိစိကိစ္ဆာ ဆယ့်လေးဖြာသည် မှန်စွာ အကုသိုလ်ချည်း တည်း။
( ကုသလ - ကုသိုလ်၏ + အ - ဆန့်ကျင်ဘက် ။ အကုသလ - ကုသိုလ်၏ + ဆန့်ကျင် ဘက် )
ဆရာတော် အရှင်ဇနကာဘိဝံသ ကိုယ်ကျင့် အဘိဓမ္မာ စာမူအတိုင်း။
No comments:
Post a Comment