ကိုယ်ထည်မရှိ
စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှားမရှိ ။ ထို့ကြောင့် စိတ်ကို ဖြူသည် မည်းသည် ပိန်သည် ၀သည် ဟု မဆိုနိုင်။ အာရုံကိုသိနိုင်သော သဘော သတ္တိမျှသာ ထင်ရှားရှိသည်။
ဂူအောင်းဘိ
မြင်သိ - သိသော စိတ်သည် မျက်လုံး အတွင်းမှာဖြစ်၏။ နံသိ - သိသောစိတ်သည် နှာခေါင်း အတွင်းမှာဖြစ်၏။ အရသာသိ- သိသောစိတ်သည် လျှာအတွင်းမှာ ဖြစ်၏ အတွေ့- သိ သိသော စိတ်သည် ခန္ဓာကိုယ်ဝယ် ထိမိရာ အရပ်တိုင်းမှာဖြစ်၏ ဤ သို့ လျှင် အချို့ အချို့စိတ်များ မျက်လုံးစသော အရပ်၌ ဖြစ်သော်လည်း များစွာသောစိတ် တို့ကား ရင်ချိုင့်အတွင်းရှိ ဟဒယ နှလုံးအိမ်မှာ ဖြစ်ကြသည်။ ဤသို့ လိုဏ်ဂူ နှင့် တူသော နှလုံးအိမ် မှာ အဖြစ်များ သောကြောင့် စိတ်ကို “ ဂူအောင်းသည် ”“ ဟုဆိုရပေမည်။
အချုပ်မှာ စိတ်ဟူသည် ပုံသဏ္ဍာန်မရှိ အာရုံကိုရအောင်ယူခြင်း အာရုံကိုသိခြင်း သဘောသတ္တိသာတည်း။ ထိုကဲ့သို့ အာရုံယူရာ၌ မိမိဖြစ်ရင်းစွဲ ဟာဒယ လိုဏ်ဂူ အတွင်းမှ တစ်ဆံခြည်မျှ အပြင်မထွက်ကြပဲ အလွန်ဝေးသောအာရုံကို လှမ်း၍ ယူနိုင်ကြသည်။ ထိုသို့ ယူရာ၌ ၂စိတ် ၃စိတ် ပြိုင်တူ ပူးပေါင်း၍ မဖြစ် တစ်စိတ်ပြီး တစ်စိတ် စီကာစဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။
ဆောင် --- ၁။ အာရုံ တစ်ခုခု ရအောင်ပြု မှတ်ရှု စိတ်သိပုံ။
၂။ အဝေးလည်းသွား တစ်ပါးတည်းလည် ကိုယ်ထည်မရှိ ဂူအောင်းဘိ စိတ်၏ခြင်းရာစုံ။
No comments:
Post a Comment